နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကဆက်ပြည်နယ်အတွင်း ဥက္ကာခဲတစ်ခု ကျရောက်

မက်ခ်အယ်လန် ဖေဖော်ဝါရီ  ၂၅

တက္ကဆက်ပြည်နယ် မက်ခ်အယ် လန်မြို့အနီး မြေပြင်တစ်နေရာတွင် အလေးချိန် တန်ဝက်ခန့်(၄၅၄ ကီလို ဂရမ်ခန့်)လေးသော ဥက္ကာခဲတစ်ခု ကျရောက်လာရာ ယင်းကို ရှာဖွေနေ ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

နေအိမ်များကို တုန်လှုပ်စေသည့် မိုးကြိုးပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီး တက္ကဆက်ပြည်နယ်တွင် သံသယ ရှိသော ဥက္ကာခဲတစ်ခု မီးလောင်သည်ဟု သတင်းထွက်ပေါ်လာရာ အာဏာပိုင် များက ယင်းနေရာကို ရှာဖွေရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အာဏာပိုင်များသည် သံသယဖြစ် ဖွယ်ဥက္ကာခဲတစ်ခုကို တွေ့ရှိပါက ဖုန်းခေါ်ဆိုပေးရန် ဒေသအသီးသီးသို့ အကြောင်းကြားထားပြီး လက်ရှိတွင် ဖုန်းခေါ်ဆိုမှုပေါင်း  ၁၀၀ ကျော်ကို လက်ခံရရှိထားကြောင်း သိရသည်။

ပေါက်ကွဲမှုသည် ကြီးမားလွန်း သဖြင့် ၎င်းတို့၏ နေအိမ်များပင် တုန်ခါသွားသည်ဟု ဒေသခံအချို့က အာဏာပိုင်များကို ပြောသည်။

(ref: Bloomberg)






အခြားဆက်စပ်သတင်းများ