နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ်သို့လာရောက်သော နိုင်ငံခြားသား ခရီးသွားများအား ငွေသားလက်ဆောင်ပေးမည်

တိုင်ပေ ဖေဖော်ဝါရီ  ၂၅

ထိုင်ဝမ်သည် ခရီးသွားကဏ္ဍတွင် နိုင်ငံခြားသား ခရီးသွားများကို ဆွဲဆောင်ရန်အတွက်  ကျွန်းသို့ လာရောက် အပန်းဖြေသည့် ကမ္ဘာ လှည့် ခရီးသည်များကို တစ်ဦးလျှင် ဒေါ်လာ ၁၆၅ စီ ငွေသား လက်ဆောင် များ ပေးရန် စီစဉ်နေကြောင်း သိရ သည်။

ထိုင်ဝမ်အစိုးရသည် ၂၀၂၃ ခုနှစ်တွင် ကျွန်းသို့ ကမ္ဘာလှည့် ခရီးသည် ခြောက်သန်း လာရောက်ရန် ရည်မှန်းထားကြောင်း ထိုင်ဝမ်ဝန်ကြီး ချုပ် ချန်ချီယမ်ဂျန်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ကြေညာသည်။

ထို့ကြောင့် အစိုးရသည် နိုင်ငံခြား ဧည့်သည်များအား ဆွဲဆောင်ရန် အတွက် ပထမဆုံး ရောက်လာသော ခရီးသွားဧည့်သည်  အယောက် ငါးသိန်းကို တစ်ဦးလျှင် ဒေါ်လာ ၁၆၅ စီ ပေးသွားမည်ဖြစ်ကာ  ပထမဆုံး လာရောက်သည့် ခရီးသွားအဖွဲ့ ၉၀,၀၀၀ ကိုလည်း တစ်အုပ်စုလျှင် ဒေါ်လာ ၆၅၈ အထိ ပေးသွားမည်ဟု သိရသည်။

အဆိုပါ ငွေသားများကို ဒစ်ဂျစ် တယ် စနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး ထိုငွေများကို ထိုင်ဝမ်သို့လာရောက် စဉ် တည်းခိုရန်နှင့် အသုံးစရိတ်များ ကာမိစေရန်အတွက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဝမ်ကူဝိုစိုင်က ပြောသည်။


(ref: CNN)






အခြားဆက်စပ်သတင်းများ