နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် မိုင်းတွင်းပြိုကျမှု ခြောက် ဦးသေဆုံး သေဆုံးသူများ ဆက်လက်မြင့်တက်နိုင်

အင်နာမွန်ဂိုလီယား ဖေဖော်ဝါရီ  ၂၄

တရုတ်နိုင်ငံ မြောက်ပိုင်း အင်နာမွန် ဂိုလီယားဒေသတွင် ဖေဖော်ဝါရီ ၂၃ ရက်က မိုင်းတွင်းပြိုကျမှုဖြစ်ပွားခြင်း ကြောင့် လူ ခြောက်ဦး သေဆုံးပြီး ၄၆ ဦး ပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံ ပိုင်မီဒီယာက ထုတ်ပြန်ထားသည်။ 

အဆိုပါ မိုင်းတွင်းသည် တရုတ် နိုင်ငံ၏ ထိပ်တန်းကျောက်မီးသွေး ထုတ်လုပ်သည့်နေရာများအနက် တစ်ခု အပါအဝင်ဖြစ်ပြီး ရှီကျန်း ကျောက်မီး သွေးတွင်း ကုမ္ပဏီက လည်ပတ်နေသည့်  မိုင်းတွင်း ဖြစ်ကြောင်း သိရသည်။

မိုင်းတွင်းပြိုကျမှု ဖြစ်ပွားပြီးနောက် သမ္မတ ရှီကျင့်ဖျင်က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအစီအစဉ်များ ချက်ချင်း လုပ်ရန် အမိန့်ပေးထားကာ လက်ရှိ တွင် ဝန်ထမ်း ၄၇၀ ကျော် ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ ၁၁ ဖွဲ့ကရှာဖွေ ကယ်ဆယ်ရေး  အစီအစဉ်များ လုပ်ဆောင်နေကြောင်း သိရသည်။ 

အင်နာမွန်ဂိုလီယားဒေသရှိမိုင်း တွင်းများသည် စက်မှုလုပ်ငန်း ဘေးကင်း လုံခြုံရေး စည်းမျဉ်းစည်းကမ်း များကို  လိုက်နာမှုအားနည်းသည့်အတွက် ယခုကဲ့သို့ မတော်တဆမှုများ မကြာ ခဏ ဖြစ်ပွားလေ့ရှိကာ ယခုဖြစ်စဉ် တွင် သေဆုံးသူ ဆက်လက်မြင့်တက် လာနိုင်ကြောင်း အာဏာပိုင်များက ဆိုသည်။ 

 ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ကလည်း တရုတ်ကျောက်မီးသွေး မိုင်းတွင်းတစ်ခု၌ ကာဗွန်မို နောက်ဆိုဒ် ယိုစိမ့်မှုကြောင့် မိုင်းလုပ်သား ၂၃ ဦး သေဆုံးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

(ref: CNA)






အခြားဆက်စပ်သတင်းများ