နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်ပေါင်း ၂၄၀၀ သက်တမ်းရှိ ရှေးအကျဆုံး ရေလောင်းအိမ်သာကို တရုတ် ရှာဖွေတွေ့ရှိ

ပေကျင်း  ဖေဖော်ဝါရီ ၂၄

တရုတ်နိုင်ငံ ရှန်ရှီး ပြည်နယ်တွင် နှစ်ပေါင်း ၂၄၀၀ သက်တမ်းရှိသော ရေလောင်းအိမ်သာတစ်ခုကို ရှာဖွေ တွေ့ရှိထားကြောင်း တရုတ်လူမှု ရေးသိပ္ပံအကယ်ဒမီ  ရှေးဟောင်း သုတေသနဌာန က ဖေဖော်ဝါရီ ၂၃ ရက်တွင် တရားဝင် ထုတ်ဖော်ပြသ လိုက်သည်။

အဆိုပါ ရေလောင်းအိမ်သာကို ယွဲ့ယန်မြို့ရှိ နန်းတော်တစ်ခု၏ အပျက် အစီးများကြားတွင် ရှာဖွေတွေ့ရှိခြင်း ဖြစ်ပြီး ထီးနန်းပြိုင်ကာလ (ဘီစီ ၄၂၄) နှင့် ချင်မင်းဆက် (ဘီစီ ၂၂၁ မှ ဘီစီ ၂၀၆) ရောက်သည်အထိ အသုံးပြုခဲ့ ကြသည်ဟု ကျွမ်းကျင်သူများကဆို သည်။

အဆိုပါအိမ်သာသည် ဇိမ်ခံပစ္စည်း ဖြစ်သည်ဟု ယူဆရသည့်အတွက် အစေခံများအတွက်မဟုတ်ဘဲ အုပ်ချုပ် သူသာ အသုံးပြုနိုင်သော ပစ္စည်း ဖြစ်ကြောင်း၊ ယင်းကို ကြည့်ခြင်းဖြင့် ရှေးခေတ်တရုတ်လူမျိုးများတွင်လည်း မိလ္လာစနစ်နှင့်ပတ်သက်ပြီး စည်းစနစ်ထားခဲ့သည်ကို တွေ့နိုင် ကြောင်း တရုတ်လူမှုရေး သိပ္ပံ အကယ် ဒမီမှ ရှေးဟောင်း သုတေသနဌာန၏ တာဝန်ရှိသူက ဆိုသည်။

ရှေးဟောင်းသုတေသန မှတ်တမ်း များ အရ ကမ္ဘာ့ ပထမဆုံးသော ရေ လောင်းအိမ်သာကို ၁၆ ရာစုတွင် ဆာဂျွန်ဟဲရစ်တန်က တီထွင်ခဲ့သည် ဟု ဖော်ပြထားကြောင်း သိရသည်။

(ref: NewYork  Time )






အခြားဆက်စပ်သတင်းများ