နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်တွင်ကြင်စဦးဇနီးမောင်နှံများကို လစာပြည့် ခွင့်ရက် ၃၀ အထိပေး

ပေကျင်း  ဖေဖော်ဝါရီ   ၂၃

တရုတ်နိုင်ငံရှိ ပြည်နယ်အချို့တွင် အိမ်ထောင်ပြုခြင်းကို အားပေးအား မြှောက်ပြုရန်နှင့် ကလေးမွေးဖွားနှုန်း မြှင့်တင်ရန်အတွက် ကြင်စဦးဇနီး မောင်နှံများအား လစာပြည့်ခွင့်ကို ရက် ၃၀ အထိ ပေးနေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်ထုတ် တရုတ် အစိုးရပိုင် ကျန်းမာရေးသတင်းစာတွင် ဖော်ပြသည်။

မင်္ဂလာဆောင်မည့် ဇနီးမောင်နှံ များအတွက် တရုတ်နိုင်ငံ၏ လစာ ပြည့်ခွင့်ရက်သည် သုံးရက်ဖြစ်သော် လည်း နိုင်ငံ၏အနောက်မြောက်ပိုင်းရှိ ဂန်ဆူနှင့်ရှန်ရီပြည်နယ်များတွင် ဖေဖော်ဝါရီလကစ၍ ခွင့်ရက်များကို ရက် ၃၀ အထိတိုးပေးလိုက်ကြောင်း သိရသည်။

မင်္ဂလာဆောင်မည့်သူများကို ယခုကဲ့သို့ ခွင့်ရက်ရှည်တိုးပေးခြင်း သည်ကလေးမွေးဖွားနှုန်းတိုးမြင့်စေသည့် ထိရောက်သောနည်းလမ်းတစ်ခု ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်စီးပွားရေး ဆိုင်ရာတက္ကသိုလ်မှ လူမှုဖွံ့ဖြိုးတိုး တက်ရေးသုတေသနဌာနမှူး ယန်ဟိုင် ယန်က ပြောသည်။

တရုတ်နိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်များအတွင်း ပထမဆုံး အကြိမ် ကျဆင်းလာပြီး လူ တစ်ထောင် လျှင် ခုနစ်ဦးခန့်သာ ကလေးမွေးဖွား ခြင်းကြောင့် မွေးဖွားနှုန်း အနိမ့်ဆုံး အခြေအနေရောက်ရှိနေကြောင်း သိရ သည်။                             

(ref:CNA)






အခြားဆက်စပ်သတင်းများ