နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးသဘောတူစာချုပ်တွင်ဖိလစ်ပိုင်ပါဝင်လက်မှတ်ရေးထိုး

မနီလာ  ဖေဖော်ဝါရီ   ၂၃

ဖိလစ်ပိုင်နိုင်ငံတွင် စံချိန်တင်ငွေ ကြေးဖောင်းပွမှုနှင့်ရင်ဆိုင်နေရသည့်အတွက်အလုပ်အကိုင်ကောင်းများကိုဆွဲဆောင်နိုင်ရန်နှင့်လူသုံးကုန်ပစ္စည်းများကို ဈေးသက်သာစွာဝယ်ယူနိုင်ရန် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP) သဘောတူစာချုပ် ကို အတည်ပြုလက်မှတ်ရေးထိုးလိုက် ကြောင်း ဖေဖော်ဝါရီ ၂၂ ရက် သတင်း များတွင် ဖော်ပြသည်။

အဆိုပါ RCEP သဘောတူစာချုပ် ကို အတည်ပြုရန်အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၀ မဲ၊ ဆန့်ကျင်မဲ ၁ မဲ၊ ကြားနေမဲ ၁ မဲဖြင့် စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

RCEP စာချုပ်သည် အာဆီယံ ၁၀ နိုင်ငံအပြင် တရုတ်၊ ဂျပန်၊ တောင် ကိုရီးယား၊ ဩစတြေးလျနှင့်နယူးဇီလန် တို့လည်း ပါဝင်လက်မှတ်ရေးထိုးထား သော ကမ္ဘာ့အကြီးဆုံးလွတ်လပ်စွာကုန် သွယ်ရေးသဘောတူစာချုပ်ဖြစ်သည်။

အဆိုပါ သဘောတူညီချက်သည် အဖွဲ့ဝင်နိုင်ငံများ ကြားကုန်သွယ်မှုပြု သည့်အခါ ကုန်ပစ္စည်းများ၏ အခွန် အကောက်နှုန်းထားကို ၉၂ ရာခိုင် နှုန်းခန့် လျှော့ချထားသည့်အတွက် ကုန်စည်များကို နိုင်ငံတွင်းသို့ဈေးသက် သာစွာဖြင့် တင်သွင်းဝယ်ယူနိုင်မည်ဖြစ် သည်။          

(ref:CNA)






အခြားဆက်စပ်သတင်းများ