နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းစစ်ပွဲကြောင့် ဂျာမနီစီးပွားရေး ယူရိုဘီလီယံ ၁၀၀ ဆုံးရှုံး

ယူကရိန်  ဖေဖော်ဝါရီ   ၂၃

ယူကရိန်းစစ်ပွဲနှင့်  စွမ်းအင်ဈေး နှုန်းများမြင့်တက်လာမှုကြောင့် ဂျာမနီ နိုင်ငံစီးပွားရေးသည်နိုင်ငံ့ GDP ၏ ၂ ဒသမ၅ ရာခိုင်နှုန်းခန့်  ဆုံးရှုံးပြီး ငွေကြေးအားဖြင့် ယူရိုဘီလီယံ ၁၀၀ ဆုံးရှုံးသွားကြောင်း သိရသည်။

စစ်ပွဲအရှိန်ကြောင့် ဂျာမနီနိုင်ငံသည် အသေးစားစီးပွားရေးကျဆင်းမှုနှင့် ရင် ဆိုင်နေရပြီး နိုင်ငံ၏စီးပွားရေးတွင် ကုန်ကျစရိတ်တိုးမြင့်ခြင်းများကို ကြုံ တွေ့လာကြောင်း ဂျာမန်စီးပွားရေး သုတေသနဌာန (DIW) ၏ ဥက္ကဋ္ဌက ပြောသည်။

ရုရှားစွမ်းအင်ကို ပိုမိုမှီခိုနေရသည့် ဂျာမန်စီးပွားရေးသည် စစ်ပွဲအကျပ် အတည်း၏ ဒဏ်ကိုပိုခံရပြီး စွမ်းအင်သုံး စက်မှုလုပ်ငန်းများအတွက်လည်း ကုန် ကျစရိတ် အချိုးအစားမြင့်မားလာခြင်း ကြောင့်   ပို့ကုန်နှင့်ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များအပေါ် အလွန်အမင်း မှီခိုနေရကြောင်း သိရ သည်။

ထို့ကြောင့်  နိုင်ငံတွင်းရှိကုမ္ပဏီများ သည် စွမ်းအင်လျှော့သုံး၍ အရှိန်မြှင့်ရန် ကြိုးပမ်းမှုများမလုပ်ပါက ဂျာမနီ၏ စီးပွားရေးရပ်တည်မှုကို ထိခိုက်လာမည် ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။                  

 (ref:AP)






အခြားဆက်စပ်သတင်းများ