နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖရိက အရှေ့တောင်ပိုင်းသို့ ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်

ကိတ်တောင်း  ဖေဖော်ဝါရီ ၂၂

ဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီသည် အာဖရိကအရှေ့တောင်ပိုင်း ကမ်းရိုး တန်းသို့ ချဉ်းကပ်လာပြီး  ပိုမို အား ကောင်းလာခြင်းကြောင့် ကုလသမဂ္ဂ ရာသီဥတုအေဂျင်စီက အန္တရာယ်ရှိသည့် မုန်တိုင်းအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် မာဒါဂတ် စကာနိုင်ငံသို့ ဝင်ရောက် တိုက်ခတ် ပြီး ယခု သီတင်းပတ်အကုန်တွင် မိုဇမ် ဘစ်နိုင်ငံသို့ ဦးတည် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ 

မောရစ်ရှ နိုင်ငံတွင်မူ လေပြင်းတိုက် ခတ်မှုများနှင့် ရေကြီးရေလျှံမှုများ စတင် ကြုံတွေ့နေရပြီး ဒေသခံအချို့ ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များတွင် လေပြင်းတိုက်ခတ်မှုများကြောင့် အုန်း ပင်များ လှုပ်ခါနေပြီး ပင်လယ်ရေများ လည်း ကမ်းပေါ်သို့ တက်လာသည်ကို တွေ့ရသည်။

မုန်တိုင်းပြင်းအားသည် ဟာရီ ကိန်း မုန်တိုင်းအဆင့် ၄ နှင့် ညီမျှခြင်း ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှု များနှင့်  လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကာ မုန်တိုင်းဒဏ်ကြောင့် လူဦးရေ နှစ်သန်း ကျော်သည် ရေကြီး ရေလျှံမှုများ နှင့် ကြုံတွေ့နိုင်ကြောင်း ကုလ ရာသီဥတုအေဂျင်စီက ခန့်မှန်း ထားသည်။ 


(ref: BBC)







အခြားဆက်စပ်သတင်းများ