နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုဟိုင်းယိုး ပြည်နယ် သတ္တုစက်ရုံ ပေါက်ကွဲ

ဝါရှင်တန်  ဖေဖော်ဝါရီ  ၂၂

အမေရိကန်နိုင်ငံ၊အိုဟိုင်းယိုးပြည် နယ်တွင် သတ္တုစက်ရုံတစ်ခုပေါက်ကွဲ ပြီး အနီးရှိ  အဆောက်အအုံများအပေါ် သတ္တုပျော်ရည်များနှင့် အပျက်အစီး များ ကျရောက်ခဲ့ခြင်းကြောင့် လူ ၁၄ ဦးထက်မနည်း ဒဏ်ရာရကာ အများစုသည် မီးလောင်ဒဏ်ရာများ ရရှိသွားကြောင်း တာဝန်ရှိသူများ နှင့် မျက်မြင်သက်သေများက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောသည်။

အိုဟိုင်းယိုးပြည်နယ် ဘဒ်ဖို့ဒ် ဟိုက်စ်မြို့ရှိ အိုင်ရှူးမန်း အန် ကုမ္ပဏီ သတ္တုစက်ရုံ ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမှု  ဖြစ်ပွားပြီးနောက် အိုဟိုင်းယိုး အရှေ့မြောက်ပိုင်းသို့ မီးသတ်ကားများ ရောက်ရှိလာကာ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ကြ ကြောင်း သိရသည်။

လက်ရှိတွင် လူ ၁၃ ဦးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး အများစုသည် မီးလောင်ဒဏ်ရာများ ရရှိထားကြောင်း၊ အချို့ကိုမူ မြေပြင်၌ပင် ကုသမှုများ ပြုလုပ်ပေးနေရကြောင်း မီးသတ်ဌာန က ကပ္ပတိန်ဘရိုင်ယန် ဒီရော့ကိုက  ပြောသည်။

ဒဏ်ရာရသူများတွင် အချို့သည် စိုးရိမ်ရသည့် အခြေအနေရှိနေပြီး အချို့ကို အပျက်အစီးများထဲမှဆွဲထုတ် ခဲ့ရကြောင်း သိရသည်။

အဆိုပါ သတ္တုစက်ရုံသည် ၁၉၁၇ ခုနှစ်ကတည်းက လုပ်ငန်းစတင်ခဲ့ သည်ဟု ယင်းတို့၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပြီး ကြေးနီ၊ ကြေးဝါနှင့်  ကြေးညို ထုတ်လုပ်သည့် ကုမ္ပဏီ ကိုယ်စားလှယ်များကိုမူ ဆက်သွယ်၍ မရသေးကြောင်း သိရသည်။

(ref: AP)






အခြားဆက်စပ်သတင်းများ