နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက္ကဆီကိုတွင် ရွှေ့ပြောင်းနေထိုင်သူများ တင်လာသည့်ဘတ်စ်ကား မှောက်၊ ၁၇ ဦးသေဆုံး

မက္ကဆီကိုစီးတီး  ဖေဖော်ဝါရီ  ၂၂

ဗင်နီဇွဲလား၊ ကိုလံဘီယာနှင့် ဗဟို အမေရိကရှိ ရွှေ့ပြောင်းနေထိုင် သူများကို  တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးသည် မက္ကဆီကို အလယ်ပိုင်းတွင် တိမ်းမှောက်သွား ခြင်းကြောင့် လူ ၁၇ ဦး သေဆုံးကြောင်း ပြည်နယ် အာဏာပိုင်များက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောသည်။

ခရီးသည် ၄၅ ဦး လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီးသည် မြောက်ဘက် သို့ဦးတည်သွားနေစဉ် အမြန်လမ်း ပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွား ကာ လူ ၁၇ ဦး သေဆုံးပြီး နောက်ထပ် ၁၅ ဦးကို ဆေးရုံတင်ထားရကြောင်း၊ ငါးဦးသည် စိုးရိမ်ရသည့် အခြေအနေရှိ ကြောင်း သိရသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူများသည် ရွှေ့ပြောင်းနေထိုင်သူများ ဟုတ်၊မဟုတ် အတိအကျ မသိရသေးသည့်အတွက် မက္ကဆီကို ရွှေ့ပြောင်းနေထိုင်ရေးအဖွဲ့ အစည်းက မှတ်ချက်ပြု ပြောဆိုထား ခြင်းမရှိကြောင်း သိရသည်။

ရွှေ့ပြောင်းအခြေချသူများသည် မက္ကဆီကိုနယ်စပ်ကို ဖြတ်သန်းရန် ယခုကဲ့သို့ အန္တရာယ်ရှိသည့် လမ်း ကြောင်း များကို မကြာခဏ အသုံးပြု လေ့ရှိ ကြောင်း အာဏာပိုင်များက ဆို သည်။                               

 (ref: AFP)






အခြားဆက်စပ်သတင်းများ