နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြိုတင်ကြေညာခြင်း မရှိဘဲ ကန်သမ္မတ ယူကရိန်းသို့ သွားရောက်

ကီယက်ဗ်  ဖေဖော်ဝါရီ  ၂၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ကြိုတင် ကြေညာခြင်းမရှိဘဲ ယူကရိန်း မြို့တော် ကီယက်ဗ်မြို့သို့ ရောက်ရှိ နေပြီး ယူကရိန်းစစ်ပွဲ ကာလတစ်လျှောက် လုံး အတူတကွ  ရပ်တည်မည်ဖြစ် ကြောင်း ဖေဖော်ဝါရီ ၂၁ရက်တွင် ကတိ ပြုပြောကြားလိုက်သည်။

ရုရှားသည် ယူကရိန်းနိုင်ငံကို ကျူးကျော်မှု တစ်နှစ်ပြည့် နှစ်ပတ်လည် နေ့မတိုင်မီ သမ္မတဘိုင်ဒင်သည် ကီယက်ဗ်ကို ရောက်ရှိလာပြီး ခရီးစဉ် အတွင်း ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ သန်း ၅၀၀ တန် စစ်ရေးအကူ အညီသစ်ပေးမည်ဟု ကတိပြုကာ ယခု သီတင်းပတ်အတွင်း ရုရှားကုမ္ပဏီအချို့ ကို  ပိတ်ဆို့အရေးယူမှုများ ထပ်မံ ကြေညာမည်ဖြစ်ကြောင်း ပြောသည်။

သမ္မတဂျိုးဘိုင်ဒင်သည် ကီယက်ဗ် မြို့တွင်  ရှိနေချိန် ရုရှားအနေဖြင့် ကီယက်ဗ်မြို့ကို တိုက်ခိုက်မည့် အန္တရာယ်ကို ရှောင်ရှားနိုင်ရန် ရုရှားထံ ကြိုတင်အကြောင်းကြားခြင်းများ ပြုလုပ်ထားကြောင်း အမေရိကန်နှင့် ရုရှား တာဝန်ရှိသူများက ပြောသည်။

ဇန်နဝါရီ ၂၁ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းကို ကျူးကျော်ခြင်းတစ်နှစ်ပြည့် မိန့်ခွန်း ပြောကြားခဲ့ပြီး ကန်သမ္မတ၏ ယခု ခရီးစဉ်သည် သမ္မတပူတင် မိန့်ခွန်း မပြောမီ အချိန်အနည်းငယ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

(ref: CNN)







အခြားဆက်စပ်သတင်းများ