နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် အဆင့်မြင့်တိုက်လေယာဉ်များကို အိန္ဒိယတွင် ပြသ

နယူးဒေလီ ဖေဖော်ဝါရီ ၂၀

အမေရိကန်သည် နိုင်ငံ၏ အဆင့် အမြင့်ဆုံး F-35 တိုက်လေယာဉ် များကို ယခုသီတင်းပတ်အတွင်း အိန္ဒိယသို့ ပထမဆုံး ယူဆောင် လာကာ ပြပွဲတွင် ဝင်ရောက် ပြသထား ကြောင်း သိရသည်။

ယင်းသည် အိန္ဒိယကို အစဉ်အလာ ဖြင့် စစ်ရေးထောက်ပံ့မှုများ လုပ် ဆောင်နေသည့် ရုရှားနှင့် ခွဲထုတ်ရန် အမေရိကန်အစိုးရ၏ အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း  နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ် ပြောကြားသည်။

F-35 တိုက်လေယာဉ်များကို အိန္ဒိယက  ဝယ်ယူရန် လက်ရှိတွင်  ထည့်သွင်းစဉ်းစားခြင်း မရှိသော်လည်း ပြပွဲတွင် F-35 နှစ်စင်းကို ထည့်သွင်း ပြသထားမှုသည် အမေရိကန်-အိန္ဒိယ မဟာဗျူဟာမြောက် ဆက်ဆံရေး ကြီးထွားလာနိုင်ဖွယ်ရှိကြောင်း သိရ သည်။

အိန္ဒိယသည် နိုင်ငံအတွင်း တိုက်လေယာဉ်များကို ပိုမိုခေတ်မီ ရန်  လုပ်ဆောင်နေချိန်တွင် ယူကရိန်း စစ်ပွဲကြောင့် လက်နက်ဝယ်ယူရေး နှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိနေ သည်။

လက်ရှိတွင် အိန္ဒိယသည်ကဏ္ဍ စုံသုံး တိုက်လေယာဉ် ၁၁၄ စင်း ကို ငါးနှစ်အတွင်း ဝယ်ယူရန် စဉ်းစား နေပြီး  တရုတ်၊  ပါကစ္စတန်တို့နှင့် လည်း တင်းမာမှုများရှိနေခြင်းကြောင့် တိုက် လေယာဉ်များကို အဆင့်မြှင့်တင်ရန် အာရုံစိုက်လျက်ရှိသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ