နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီးရီးယား လုံခြုံရေးရုံးအများစု ဗုံးကြဲတိုက်ခိုက်ခံရ

ဒမတ်စကပ် ဖေဖော်ဝါရီ ၂၀

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ် စကပ်ရှိ လုံခြုံရေးဆိုင်ရာရုံးအများစု တည်ရှိသည့်အရပ်ကို အစ္စရေးက ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းတွင် ဗုံးကြဲတိုက်ခိုက်သည့်အတွက် အနည်း ဆုံး လူ ၁၅ ဦး သေဆုံးသွားကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့က ပြောသည်။ 

အစ္စရေး၏ တိုက်ခိုက်မှုများတွင် အကြီးမားဆုံးဖြစ်သည့် ယခုဖြစ်စဉ် ကြောင့် Kafr Sousa အရပ်ရှိ အီရန် ယဉ်ကျေးမှုဌာနအနီး  ၁၀ ထပ် အဆောက်အဦးတစ်ခု ပြိုကျသွားကာ သေဆုံးသူများတွင်  အရပ်သား အမျိုးသမီး နှစ်ဦးလည်း ပါဝင်ကြောင်း သိရ သည်။

တိုက်ခိုက်မှုသည် မည်သူ့ကို ပစ်မှတ်ထား တိုက်ခိုက်သည်ဟု အတိ အကျ မသိရသော်လည်း တိုက်ခိုက်ခံ ရသည့်နေရာတွင် ဖရိုဖရဲဖြစ်နေသည့် ဗုံးကျင်းကြီး  ဖြစ်ပေါ်ပြီး အနီးရှိ အဆောက်အဦ  ပြတင်းတံခါးများ ပွင့်ထွက်ပျက်ဆီးသွားကြောင်း သိရ သည်။ 

ထို့ပြင် လေကြောင်းတိုက်ခိုက်မှု များလည်း ပြုလုပ်ခဲ့သည့်အတွက် ဒမတ်စကတ်မြို့ရှိ သုံလှောင်ရုံအချို့ ပျက်ဆီးသွားကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် ရေးအဖွဲ့က ပြောသည်။ 

(ref: AFP)






အခြားဆက်စပ်သတင်းများ