နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကူဝိတ်နှင့်အီရတ် ရေကြောင်းနယ်နိမိတ်အငြင်းပွားမှု အဆုံးသတ်ရေး ကြိုးပမ်းမည်

ဘဂ္ဂဒက် ဖေဖော်ဝါရီ ၂၀

ကူဝိတ်နှင့်အီရတ် နှစ်နိုင်ငံစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရေ ကြောင်းနယ်နိမိတ် အငြင်းပွားမှု အဆုံး သတ်ရန် ကြိုးပမ်းလျက်ရှိကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်ဆလမ် အဗ်ဒူလာအယ်လ်ဂျာဘာ  အယ်လ် ဆာဘာက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောသည်။

ကူဝိတ်နှင့် အီရတ် နှစ်နိုင်ငံသည် ဥပဒေရေးရာနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပခဲ့ပြီး ရေနံ ထုတ်လုပ်သည့် နှစ်နိုင်ငံအကြား ရေပိုင်နက် နယ်နိမိတ် တရားဝင် သဘောတူသတ်မှတ်ရေးကို ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

အီရတ်သည် ကူဝိတ်ကို ကျူးကျော် ပြီး နောက် ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂ က နှစ်နိုင်ငံကြား ကုန်းတွင်း နယ်နိမိတ် သတ်မှတ်ပေးခဲ့သော်လည်း ယင်းတို့၏ ရေပိုင်နက် နယ်နိမိတ် အရှည်ကို သတ် မှတ်ထားခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ယခုသဘောတူညီချက် ရရှိပါက ဆိပ်ကမ်းများ တည်ဆောက် မှု၊ နယ်စပ်ရေနံမြေ စီမံခန့်ခွဲမှု၊ နှစ်နိုင်ငံ အကြား အထွေထွေ ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေး လွယ်ကူမှုများ ရရှိလာမည်ဖြစ်ပြီး ပိုမိုနီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှု ကြုံတွေ့လာမည် ဖြစ်ကြောင်း သိရသည်။

(ref: AFP)






အခြားဆက်စပ်သတင်းများ