နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဇွန်တောင်မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ပုဇွန်တောင်မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက် လျှက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်၊ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများမှ တွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အား ၁၂ ဦးဖြင့် အမှတ်-၂ ရပ်ကွက်၊ သာယာကုန်းလမ်းအတွင်း စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များရှင်းလင်းခြင်း၊ ဗိုလ်မြတ်ထွန်းလမ်းတစ်လျှောက်အရိပ်ရပင်များ အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ သစ်ရွက်ခြောက်ကြွေ များလှည်းကျင်းသိမ်းဆည်းခြင်း၊ အမှတ်-၆ ရပ်ကွက်၊ နွယ်နီ လမ်းရေစီးရေလာကောင်းမွန်စေရေး အတွက် ရေမြောင်းများအတွင်းရှိအမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက် နှင့်မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများဆောင်ရွက်ကြစဉ်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ