နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းဘဲတန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

ပန်းဘဲတန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်၊ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများမှတွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၂၀ ဦးဖြင့် အမှတ် ၁ ရပ်ကွက်၊ မဟာဗန္ဓုလလမ်း(ရွှေတိဂုံဘုရားလမ်းနှင့် ၂၅လမ်း အကြား)လူသွားစင်္ကြံ ဖြတ် မြောင်းနှာပေါက်များအတွင်းရှိ အမှိုက် သဲ၊ ခဲများရှင်းလင်း ခြင်း၊ လူသွားစင်္ကြံကတ်တုံးများ ချေးချွတ်ရေဆေးခြင်း၊ လူကူးခုံးကျော်တံတားတွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ လှည်းကျင်းသိမ်း ဆည်းခြင်းများ ဆောင်ရွက်ကြစဉ်။             

ယဉ်မွန်






အခြားဆက်စပ်သတင်းများ