နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့နယ်၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကျောင်းဖွင့်ချိန်အမီ ဆေးဖျန်းခြင်းဆောင်ရွက်

ရန်ကုန်   ဇွန်   ၁၈


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းဖွင့်ချိန်အမီပိုးသတ်ဆေးဖျန်းခြင်းနှင့် ခြင် ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဇွန် ၁၈ ရက် နံနက်က စတင်ပြီး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က(ခွဲ)လ(၃)ကျောင်းတို့၌ပြုလုပ်ခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပရဟိတအဖွဲ့များစုပေါင်းဖွဲ့စည်းထားသည့် We Love Dala ၊ အံ့ကြီး အနောက်ရပ်ကွက်နှင့် တပင်ရွှေထီးရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အား မိုးရာသီကာလ၌ ခြင်ကြောင့်ဖြစ်ပွားတတ်သောသွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး၊  ကြိုတင် ကာကွယ်စေရေးနှင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက်ရည်ရွယ်ပြီး ကျောင်းဝင်း အတွင်းရှိ စာသင်ခန်းများ၊ သန့်စင်ခန်းများကို ပိုးသတ်ဆေးဖျန်းခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းတို့ကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။                                                                                           


နိုင်လင်းကျော်(ဒလ)






အခြားဆက်စပ်သတင်းများ