နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုရီးယား နျူကလီယားစွမ်းအင် တိုးမြှင့်မည်

ပြုံယမ်း ဖေဖော်ဝါရီ ၂၁

အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြင်းထန် စွာ တုံ့ပြန်သည့်အနေဖြင့် တိုက်ချင်းပစ် မစ်ဇိုင်းဒုံး နျူကလီယား စွမ်းရည်များ ကို တိုးမြှင့်မည်ဖြစ်ကြောင်း မြောက် ကိုရီးယားက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြား လိုက်သည်။ 

ယခုရက်ပိုင်းအတွင်း အမေရိကန် သည် မြောက်ကိုရီးယား၏တိုက်ချင်း ပစ် မစ်ဇိုင်းဒုံးစမ်းသပ်မှုကို တုံ့ပြန် သည့်အနေဖြင့်  တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့် သီးခြားပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ကာ အသံထက်မြန် သည့် supersonic   တာဝေးဗုံးကြဲ လေယာဉ်များသုံးပြီး အင်အားပြခဲ့ခြင်း ကြောင့် ယင်းအပေါ် မြောက်ကိုရီးယား က ပြန်လည် တုံ့ပြန်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် တိုက်ချင်း ပစ် မစ်ဇိုင်းဒုံး လေ့ကျင့်မှုများကိုပုံမှန် ပြုလုပ်မည်ဖြစ်ပြီး အချို့သော တိုက် ချင်းပစ် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးများကို ကြိုတင် ညွှန်ကြားခြင်းမရှိဘဲ ရုတ် တရက် စီစဉ်ပစ်လွှတ်ခြင်းများလည်း ရှိလာနိုင်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်က ပြောသည်။

ထို့ပြင် မြောက်ကိုရီးယား နျူကလီ ယားတပ်ဖွဲ့များအတွက် တိုက်ချင်း ပစ်ဒုံး၏ စွမ်းရည်နှင့် တိုက်ခိုက်ရေး အတွက် အသင့်ဖြစ်ရန် ရည်ရွယ်စမ်းသပ် ခြင်းများ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။       

  (ref: AP)






အခြားဆက်စပ်သတင်းများ