နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်တွင် လစဉ်ငွေသွင်းကာ ဘလူးမတ်ခ် ရယူနိုင်မည်

ကယ်လီဖိုးနီးယား ဖေဖော်ဝါရီ ၂၁

ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ် အသုံးပြုသူများအနေဖြင့်  ယင်းတို့၏ အကောင့်များကို တရားဝင် မှန်ကန် ကြောင်း အတည်ပြုပေးမည့် အပြာ ရောင်အမှန်ခြစ် ဘလူးမာ့ခ်ကို လစဉ် အခကြေးငွေပေးသွင်းကာ ရယူနိုင်မည် ဖြစ်ပြီး ယင်းအစီအစဉ်ကို မကြာမီစတင် မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက် တွင် Meta ကုမ္ပဏီစီအီးအိုမာ့ခ်ဇူကာ ဘတ်က ကြေညာသည်။

တွစ်တာ၏  စီအီးအို အီလွန် မက်ခ်က အလားတူ အစီအစဉ်မျိုးကို ကြေညာ ပြီးနောက် ဖေ့ဘွတ်ခ်နှင့် အင်စတာဂရမ် တွင် ယခုကဲ့သို့ ကြေညာချက်ထွက် ပေါ်လာခြင်းဖြစ်သည်။

ဘလူးမာ့ခ်ရရှိထားပြီးသူများ၏ အကောင့်များကိုမူ  အပြောင်းအလဲ ပြုလုပ်သွားမည်မဟုတ်ကြောင်း ဇူကာဘတ်က အာမခံထားပြီး အဆိုပါ အစီအစဉ်ကို ဩစတြေးလျနှင့် နယူး ဇီလန်တို့တွင် ယခုအပတ်အတွင်း စတင် မည်ဖြစ်ကာ အသုံးပြုသူများသည် နိုင်ငံသား မှတ်ပုံတင်ဖြင့် မိမိ၏ အကောင့်ကို အတည်ပြုကာ ဘလူးမာ့ခ် ရယူနိုင်မည်ဟု သိရသည်။

ဘလူးမာ့ခ်သည် အသုံးပြုများ၏ အကောင့်များကို ဆင်တူယိုးမှား အကောင့်အတုများနှင့် ရောထွေးမှု မဖြစ်စေရန် ခွဲခြားပေးမည်ဖြစ်ပြီး ဘလူးမာ့ခ်ရထားပါက ကာစတန်မာ ဆားဗစ်ကိုလည်း တိုက်ရိုက် အသုံးပြု နိုင်မည်ဖြစ်သည်။

ဘလူးမာ့ခ်ကို Meta ကုမ္ပဏီ၏ ဝက်ဘ်ဆိုဒ်တွင် တိုက်ရိုက်ဝယ်ယူပါက တစ်လလျှင် ၁၂ ဒေါ်လာ ကျသင့်မည်ဖြစ် ပြီး ဖေ့စ်ဘွတ်ခ်နှင့် အင်စတာဂရမ်မှ တစ်ဆင့်ဝယ်ယူပါက တစ်လလျှင် ၁၅ ဒေါ်လာကျသင့်မည်ဟု သိရသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ