နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငလျင် ကယ်ဆယ်ရေးလုပ်ငန်း အများစု ရပ်ဆိုင်း

အန်ကာရာ ဖေဖော်ဝါရီ ၂၁

တာကီယဲလ်နှင့် ဆီးရီးယားနိုင်ငံ များတွင် ကြီးမားသည့် ငလျင် လှုပ်ခတ်ပြီးနောက် နှစ်ပတ်နီးပါး အကြာတွင်  ရှာဖွေရေးနှင့် ကယ်ဆယ် ရေးလုပ်ငန်းအများစုကို ရပ်ဆိုင်းလိုက် ပြီဖြစ်ကြောင်း  အာဏာပိုင်များက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သည်။

တာကီယဲလ်ရှိ ပြည်နယ်နှစ်ခုတွင် သာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ် ဆောင်နေပြီးဆီးရီးယား တွင်မူ  လုံးဝရပ်ဆိုင်းလိုက်ပြီဖြစ် ကြောင်း သိရသည်။

တာကီယဲလ်တွင် ငလျင်ကြောင့် သေဆုံးသူ ၄၀,၀၀၀ ကျော်ရှိလာပြီး ဆီးရီးယားတွင် ၅,၈၀၀ ကျော် ရှိကာ  နောက်ဆုံးစာရင်းများအရ ဆီးရီးယား တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ စုစုပေါင်း၏ ထက်ဝက်ပမာဏသည် အနောက်မြောက်ဘက်ဒေသက ဖြစ် ကြောင်း သိရသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ