နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 တုံ့ပြန်ရေးတွင်ပါဝင်ဆောင်ရွက်နေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များကို ဂုဏ်ပြု

မြစ်ကြီးနား    ဇွန်    ၁၈


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်အတွင်း COVID-19 တုံ့ပြန်ရေးလုပ်ငန်းများ တွင်ပါဝင်ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ဇွန် ၁၇ ရက် မွန်းလွဲ ၃ နာရီအချိန်က ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဉီးဘရန်ဒီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူး ဦးနောင်တိန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ 


ထို့နောက် မြစ်ကြီးနားခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးအောင်ကျော်လင်းက COVID-19 တုံ့ပြန် ရေးလုပ်ငန်းများဆောင်ရွက်စဉ် ကြက်ခြေနီစေတနာလုပ်အားရှင်များ စားသောက်ရေးအတွက် အစား အသောက်များနှင့် အလှူငွေလှူဒါန်းပေးခဲ့သော အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့သည်။


ထို့ပြင် သွေးအကြိမ် ၁၀၀ အထက်လှူဒါန်းခဲ့သော ကချင်ပြည်နယ်မှ ဦးမြင့်ဝေ (ကချင်ပြည်နယ် ကြက်ခြေနီသူနာပြု ဒုတိယတပ်ဖွဲ့မှူး)နှင့် ဦးဇော်ဝင်း (ဗန်းမော်မြို့နယ် ကြက်ခြေနီအမှုဆောင်အဖွဲ့ဝင်)နှစ်ဦးကို ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တစ်ဦးလျှင် ဂုဏ်ပြုငွေကျပ် နှစ်သိန်းတိတိ ပေးအပ်ဂုဏ်ပြုခဲ့သည်။ မြစ်ကြီးနားမြို့နယ်အတွင်း COVID-19 တုံ့ပြန်ရေးလုပ်ငန်းများကို ကြက်ခြေနီ စေတနာလုပ်အားရှင်  ၄၀ ဦးက ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                            


အောင်အောင်







အခြားဆက်စပ်သတင်းများ