ဇလွန် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် ၁၄ လုံးရှိ အိမ်ထောင်စုဝင်များအား ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၁၇ ရက် မွန်းလွဲ ၃ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်ရာတွင် ဇလွန်မြို့နယ် ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ နှစ်အိမ်တန်း ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် နေအိမ် ၁၄ လုံးပြောင်းရွှေ့ခဲ့ရပြီး ပြောင်းရွှေ့နေအိမ် ၁၄လုံး အတွက် နေအိမ် ၁ လုံးလျှင် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ ၁၀၀,၀၀၀ နူန်းဖြင့် ၁၄၀၀,၀၀၀ ၊ လူဦးရေ ၄၃ ဦး အတွက် ဆန်ရိက္ခာထောက်ပံ့ငွေ ၉၀၃၀၀ စုစုပေါင်းရန်ပုံငွေ ၁၄၉၀,၃၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)