နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖောင်းပြင်မြို့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဓာတ်အားလိုင်းများတိုးချဲ့ခြင်းနှင့် ကေဘယ်လ်ကြိုးများ အစားထိုးလဲလှယ်တပ်ဆင်ခြင်းများ ဆောင်ရွက်

ဖောင်းပြင်   ဇွန်    ၁၈


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့၌ လျှပ်စစ်မီးမရရှိသေးသော နေအိမ်များလျှပ်စစ်မီး ရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ပြည့်နှစ် ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် လျှပ်စစ်ဓာတ်အား လိုင်းများတိုးချဲ့ခြင်းနှင့် Cable ကြိုးများအစားထိုးလဲလှယ်ခြင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖောင်းပြင်မြို့ရှိ ကျွန်းရွှေဝါရပ်ကွက်နှင့် အင်ကြင်းမြိုင်ရပ်ကွက်တို့၌ လျှပ်စစ်မီးမရရှိသေးသည့် နေအိမ် များလျှပ်စစ်မီးရရှိရေးအတွက် ၄၀၀(ဗို့) ဓာတ်အားလိုင်းတိုးချဲ့ခြင်းအတွက် ငွေကျပ် ၈ ဒသမ ၄၀ သန်းဖြင့် လည်းကောင်း၊ ယခင်ဓာတ်အားလိုင်းကြိုးများအား Isulated Aluminium Cable ကြိုးများဖြင့် အစားထိုး လဲလှယ်တပ်ဆင်ခြင်းအတွက် ငွေကျပ် ၄၅ ဒသမ ၈၀ သန်းဖြင့်လည်းကောင်း တင်ဒါအောင်မြင်သည့် မြတ်ဘုန်းသန့်စင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများအနေဖြင့် ၆၀ ရာခိုင်နှုန်း ကျော်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူးဦးမောင်ဟန်က ပြောသည်။


 လျှပ်စစ်ဓာတ်အားလိုင်းတိုးချဲ့ခြင်းကို ကျန်စစ်သားလမ်း၊ ရိပ်သာလမ်း၊ အောင်သီဟလမ်း၊ အောင်သုခ လမ်း၊ အေးရိပ်ငြိမ်လမ်း၊ အောင်ချမ်းသာလမ်းနှင့် စစ်တပ်ကုန်းလမ်းများ၌ဆောင်ရွက်လျက်ရှိပြီး ဓာတ်အား လိုင်းကြိုးများအစားထိုးလဲလှယ်ခြင်းကို ရာဇသင်္ကြန်လမ်း၊ အနော်ရထာလမ်း၊ ဘုရင့်နောင်လမ်း၊ တိံကြားမင်း ခေါင်လမ်း၊ မင်းရဲကျော်စွာလမ်း၊ ပိတောက်မြိုင်လမ်း၊ နတ်သျှင်နောင်လမ်းနှင့် အောင်ဆန်း(၁)လမ်းတို့၌  ဆောင်ရွက်လျက်ရှိရာကို ဇွန် ၃၀ ရက်တွင်အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးမောင်ဟန်က ဆက်လက်ပြောသည်။


ဇော်ဝင်းမြင့်(ဖောင်းပြင်)






အခြားဆက်စပ်သတင်းများ