နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Asia World ဆိပ်ကမ်းတွင် ရောက်ရှိနေသည့် လျှပ်စစ်သုံးယာဉ်များ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဖေဖော်ဝါရီ   ၁၉

Asia World ဆိပ်ကမ်းတွင် ရောက်ရှိနေသည့် လျှပ်စစ်သုံး ယာဉ်များကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ  ချာလီသန်း၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ ယမန်နေ့ မွန်း လွဲပိုင်းကသွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

ရှေးဦးစွာ Asia World ဆိပ် ကမ်းရှိ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံတွင် လျှပ်စစ်သုံး ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦး ဆောင်ကော်မတီ၏ ခွင့်ပြုချက် ဖြင့် Essential Motor Co.Ltd က တင်သွင်းပြီး Asia World ဆိပ်ကမ်း၌ ရောက်ရှိနေသည့် BYD  အမှတ်တံဆိပ် လျှပ်စစ် သုံး ယာဉ် ၂၅ စီးကို၊ အမျိုးသား အဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ -၂၊ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက လျှပ်စစ်သုံးယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီ မှုရှိ၊ မရှိ သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာပါ အချက် အလက်များကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးလျက် ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့် တို့ကို ကြည့်ရှုစစ်ဆေးပြီး၊ တင် သွင်း ရောက်ရှိလာသည့်ယာဉ် များ အတွက်ရောက်ချပြီး အာမခံမှု၊ ပုံမှန်ပြုပြင်ထိန်းသိမ်း မှုနှင့် အပိုပစ္စည်းရရှိမှုတို့ကို ကုမ္ပဏီက တာဝန်ယူဆောင်  ရွက်ပေးနိုင်ရေးနှင့်မူရင်းထုတ် လုပ်သည့် ကုမ္ပဏီနှင့်ချိတ် ဆက် ၍ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ နည်းပညာများ ပြည်တွင်း၌ ရရှိစေရေး ဆောင်ရွက်ရန် မှာ ကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် ရောက် ရှိလာသည့် ကားများကို ကြည့်ရှုစစ်ဆေးကြသည်။

ယခုရောက်ရှိလာသည့် BYD  အမှတ်တံဆိပ်လျှပ်စစ်သုံးယာဉ် ၂၅ စီးသည်၊ ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၅ ရက်တွင် ရောက်ရှိပြီး ၁၆ ရက်တွင် Import  Declaration ဖွင့်လှစ်၍ အကောက်ခွန်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည်။

အဆိုပါ လျှပ်စစ်သုံးယာဉ် ၂၅ စီးသည် BYD Atto3 အမျိုး အစား ၁၅ စီးနှင့် BYD Dolphin အမျိုးအစား  ၁၀ စီးဖြစ်ပြီး၊ လူ စီးယာဉ်အဖြစ် အသုံးပြုနိုင်ရေး ရည်ရွယ်၍ Essential Motor Co., Ltd က တင်သွင်းလာခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင်း City Taxi အဖြစ် ပြေးဆွဲမည့် အမျိုး အစား လျှပ်စစ်သုံးယာဉ်များကို လည်း မူရင်းကုမ္ပဏီတွင် မှာယူ ထားပြီး မတ်လအတွင်း၌ ရန်ကုန် မြို့သို့ရောက်ရှိလာမည်ဖြစ် သည်။ လျှပ်စစ်သုံးယာဉ်များ အားသွင်းနိုင်ရန်အတွက် Essen -tionMotor Co., Ltd. သည် ရန်ကုန်ဘူတာကြီးအနီးတွင် Level 3 ဆင့် Charger ငါးစုံ။ Dual Gun အသုံးပြုနိုင်သည့် Charging Station တည်ဆောက် ‌ရေးလုပ်ငန်းများကိုလည်း ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ