နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဩဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး

ရန်ကုန်   ဇွန်   ၁၈


လူမှုဘဝနယ်ပယ်၌ အရာရာတွင် ဓာတုပစ္စည်းနှင့်မကင်းပါ။ အစားအသောက်၊ အဝတ်အထည်၊ သုံးစွဲစရာ ပစ္စည်းများမှအစ ဓာတုဗေဒဓာတ်သဘောနှင့်မလွတ်ကင်းချေ။ လူမှုပတ်ဝန်းကျင်တွင် ဓာတုဗေဒဓာတ် သဘောနှင့်မလွတ်ကင်းသည့်အတွက် သတိပြုဆင်ခြင်သုံးစွဲသင့်သည်။


မျက်မှောက်ကာလတွင် လူတို့စားသုံးသည့်အစားအစာများတွင် သန့်ရှင်းလတ်ဆတ်၍ ဓာတုဆေးဝါး ကင်းစင်ရန်လိုအပ်သည်။ အစားအသောက်တွင် အနံ့၊ အရသာ၊ အရောင်အဆင်း၊ ထုပ်ပိုးမှုတို့မှာ လွန်စွာ ကောင်းမွန်သော်လည်း ဘေးအန္တရာယ်ရှိ၊ မရှိ သတိထားဆင်ခြင်ရန်လိုအပ်သည်။ 


မြန်မာနိုင်ငံတစ်ဝှမ်းတွင် စားနပ်ရိက္ခာအရင်းအမြစ်ပေါကြွယ်ခြင်းနှင့် ဟင်းသီးဟင်းရွက်တို့မှာ တစ်နှစ် ပတ်လုံးအချိန်အခါရာသီအလိုက်ထွက်ရှိနေသည်။ လယ်ယာထွက်ကုန်သီးနှံများစွာတို့ကို ခေတ်မီနည်းပညာ များပေါင်းစပ်၍ တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်နိုင်ခြင်းအားဖြင့် နှီးနွှယ်ဆက်စပ်သူများ၏ စားဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာကို အထောက်အကူဖြစ်စေသည်။ 


ခေတ်ကာလပြောင်းလဲတိုးတက်လာခြင်းနှင့်အတူ စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာများသည် လည်း အံ့မခန်းတိုးတက်လာနေသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဓာတုကင်းလွတ်သောသီးနှံပင်များကို          စိုက်ပျိုးလိုသည့်အဖွဲ့အစည်းများ၊ တောင်သူများအား လိုအပ်သည့်နည်းပညာ၊ မျိုးစေ့နှင့်ယန္တရားများကို ကူညီ ဖြည့်ဆည်းခြင်းဖြင့် ဓာတုကင်းလွတ်သည့်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ပျိုးလိုသူများကို အားပေး လျက်ရှိသည်။


ပုံမှန်စိုက်ပျိုးနည်းစနစ်တွင် ခေတ်မီဓာတုဗေဒဆေးများ၊ ပိုးသတ်ဆေးများအသုံးပြုကာ စိုက်ပျိုးခြင်း ကြောင့် စားသုံးသူများရေစင်ကြယ်စွာမဆေးကြောပါက ဓာတုဗေဒဆေးဝါးများနှင့် ပိုးသတ်ဆေးများ၏ အန္တရာယ်ကိုခံစားရနိုင်သည်။ ယနေ့လူတို့နေ့စဉ်စားသုံးနေသည့် စားကုန်သီးနှံနှင့်ဟင်းသီးဟင်းရွက်အားလုံးနီးပါးတွင် ဓာတုပိုးသတ်ဆေးမျိုးစုံကို စနစ်တကျသုံးစွဲသူများရှိသကဲ့သို့  စနစ်မမှန်သုံးစွဲသူများလည်း ရှိမည် ဖြစ်သည်။ 

သဘာဝပိုးမွှားကာကွယ်ဆေးများသည် အခြားဓာတုဗေဒဆေးများကဲ့သို့ ဓာတ်ကြွင်းကြာမြင့်ချိန်နည်းပါး ပြီး အပင်များရေလောင်းချိန်တွင် ပျက်ပြယ်သည့်အတွက် ဟင်းသီးဟင်းရွက်စားသုံးသူများအနေဖြင့် ပိုးသတ် ဆေးအန္တရာယ်မှ ကင်းဝေးစေမည်ဖြစ်သည်။ 


သို့ဖြစ်ရာ ပြည်သူများအနေဖြင့် အန္တရာယ်ကင်းသောအစားအစာများကိုစားသုံးနိုင်ရေးအတွက် အစား အသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် သဘာဝဩဂဲနစ်အစားအစာများ ပိုမိုထုတ်လုပ်စေချင် ကြောင်း။






အခြားဆက်စပ်သတင်းများ