နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဥက္ကလာပမြို့နယ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် သီလရှင်သင်ပညာရေးကျောင်းများကို COVID-19 ရောဂါကာကွယ်နိုင်ရန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်   ဇွန်   ၁၈


COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် သီလရှင်သင်ပညာ ရေးကျောင်းများတွင် ဇွန် ၁၇ ရက် နံနက်ပိုင်းကစ၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ထိုသို့ဆောင်ရွက်ရာတွင် We Love Northokkalapa အဖွဲ့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖြစ်သည့် မာဃသာသနာပြုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မော်ကျွန်းပရိယတ္တိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ဓမ္မမေဒိနိပရိယတ္တိဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် သီလရှင်သင်ပညာရေး ကျောင်းများဖြစ်သည့် ရတနာသိင်္ဂီသီလရှင်ပညာရေးစင်တာ၊ ပြွန်တန်ဆာသီလရှင်သင်ပညာရေးကျောင်း များ အတွင်း/အပြင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့စဉ်။ 


မြမြဝင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ