နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ရပ်ကွက်များအတွင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု

ရန်ကုန်   ဇွန်   ၁၈


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေး အတွက် Box Culvert အသစ်ပြုလုပ်နေမှုလုပ်ငန်းများ၊ ကွန်ကရစ်လမ်းခင်းလုပ်ငန်းများ၊ ကွန်ကရစ်ရေနုတ် မြောင်းဆောင်ရွက်နေမှုများကို ဇွန် ၁၇ ရက် နံနက်ပိုင်းကစ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ            ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 


ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇေမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်မှတာဝန်ရှိသူများက ရတနာသိင်္ဂီဈေးနှင့် အနီးဝန်းကျင် ရေစီးရေလာကောင်းမွန်ရေးအတွက် (ဇ)ရပ်ကွက် ဥဇ္ဇနာ(၆)လမ်းထိပ် Box Culvert အသစ်ပြုလုပ်နေမှု၊  ဥဇ္ဇနာ(၆)လမ်းနှင့် ခေမာသီလမ်း ချိတ်ဆက်လမ်းကြား ခင်းကျင်းပြီးစီးမှုအခြေအနေ၊ အဝိုင်းကြီး ဥက္ကလာသီရိပန်းခြံသို့ လာရောက်အပန်းဖြေ သူများအသုံးပြုနိုင်ရန်  မြို့နယ်စည်ပင်သာယာရေးကော်မတီမှ လက်ဆေးဘေစင်များတပ်ဆင်ပေးထားမှု၊ (၂)ရပ်ကွက် အာသာဝတီလမ်းနှင့် မုဒိတာလမ်းကြား ကွန်ကရစ်ရေနုတ်မြောင်းပြုလုပ်နေမှုနှင့် ရွှေပေါက်ကံ မြို့သစ် ဗိုလ်တေဇလမ်းမကြီး  ပြုပြင်ခင်းကျင်းနေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက် များကို အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။                                                              


မြမြဝင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ