နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အထက်တန်းကျောင်းတချို့ ပြန်လည် ဖွင့်လှစ်နိုင်ရန် အခက်အခဲရှိနေ

ရန်ကုန် ဇွန် ၁၈


လာမည့် ဇူလိုင် ၂၁ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်အထက်တန်းကျောင်းပေါင်း နှစ်သောင်း ခုနစ်ထောင်ကျော်ကို ပြန်လည်ဖွင့်လှစ်မည်ဟုပညာရေးဝန်ကြီးဌာနကပြောထားသော်လည်း လက်တွေ့ ပြန်လည် ဖွင့်လှစ်ရန် အခက်အခဲရှိနေသော ကျောင်းများလည်း ရှိနေသေးကြောင်းသိရသည်။


စာသင်ခန်းအတွင်းတစ်ဦးနှင့်တစ်ဦးကို ခြောက်ပေခန့် ခြားထားရမည်ဖြစ်ခြင်းကြောင့် ၂၄ ပေ ၃၀ အခန်းတစ်ခန်းဆိုလျှင် ကျောင်းသား ၂၀ ဦးနှုန်းနှင့် သင်ကြားနိုင်ရေးအတွက် စီစဉ်ထားကြောင်း ပညာရေး ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကပြောသည်။


ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိအခြေခံပညာကျောင်းပေါင်း ၄၇၀ဝ၀ ကျော်တွင်ပုံမှန်ပြန်လည် ဖွင့်လှစ်ရသည့် ကျောင်းပေါင်း ၂၇၀ဝ၀ ကျော်ရှိပြီး၊ တချို့ကျောင်းများမှာ နှစ်သုတ်ခွဲသင်မည်ဖြစ်ပြီး တချို့ကျောင်းများမှာ တစ်ပတ်ခြားသင်ခြင်းမျိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတိုက်ပွဲများ ဖြစ်ပွားလျက်ရှိသောရခိုင်ပြည်နယ်တွင် မြို့နယ် ၆ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့မှ ပြန်လည် မဖွင့်လှစ်နိုင်သည့် ကျောင်းများအစုလည်းရှိနေကြောင်းသိရသည်။


ရှမ်းပြည်နယ်အတွင်းကိုးကန့်ဒေသလောက်ကိုင်၊ ကုန်းကြမ်းအပါအဝင် နယ်မြေမတည်ငြိမ်သော ဒေသများ ဖြစ်သည့် ကျောက်မဲ၊ နမ့်ဆန်ဒေသများနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် မူလတန်းမှ အထက်တန်း အထိပိတ်ထားရသည့် ကျောင်းပေါင်း ၁၂၇ ကျောင်းရှိနေကြောင်းရှမ်းပြည်နယ် ပညာရေးမှူးရုံးစားရင်းများ အရသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အထက်တန်းကျောင်းပေါင်း ၁၇၁ ကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူ နှစ်သောင်းငါးထောင်ရှစ်ရာကျော် တက်ရောက်ရန် ရှိနေခြင်းဖြစ်ကြောင်းသိရသည်။


ထို့အပြင် အထက်တန်းပြဆရာမ တစ်ထောင့်တစ်ရာတစ်ဆယ်ကျော် ရှိနေကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်းပညာရေးမှူးရုံး စာရင်းများအရသိရသည်။


ကျောင်းများပြန်လည် ဖွင့်လှစ်သည့်အချိန်တွင် ရောဂါကာကွယ်နိုင်ရေးအတွက် ကျောင်းသားများကို မျက်နှာအကာတစ်ခု၊ နှာခေါင်းစည်း နှစ်ခုစီနှင့် လက်ဆေး ဆပ်ပြာ၊ လက်သန့်ဆေးများထားရှိပေးမည်ဟု ပညာရေးဝန်ကြီးကပြောသည်။                                                                                 


မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ