လူနှင့်အခြားသက်ရှိသတ္တဝါ များအပါအဝင် သစ်ပင်ပန်းမန် မျိုးစုံတို့၏ ရှင်သန်ကြီးထွားမှုကို အဓိကအန္တရာယ်ပြုနေသော ပလတ်စတစ်အမှိုက်များ စွန့်ပစ် မှုကို လျှော့ချပြီး သန့်ရှင်းသပ် ရပ်သည့် မြို့တော်ကြီးအဖြစ် ရပ် တည်နိုင်စေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် UN-Habitat နှင့် သန့်မြန်မာတို့ပူးပေါင်း၍ စွန့်ပစ် အမှိုက်များထဲတွင် ပါဝင်နေ သော ပလတ်စတစ်များကို ခွဲ ထုတ်၍ ပလတ်စတစ်အမှိုက် တစ်ပိဿာလျှင် ၁၀၀ ကျပ်နှုန်း ဖြင့် ဝယ်ယူသည့် လှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ် အချို့တွင် ဆောင်ရွက်လျက်ရှိ သည်။ အလားတူ ရေသန့်ဘူးခွံ စွန့်ပစ်မှု လျော့နည်းစေရန် ရေ သန့်ဘူးခွံတစ်ဘူးလျှင် ၂၅ ကျပ် နှုန်းဖြင့် ဝယ်ယူနေသည့် လုပ်ငန်း များနှင့်ပတ်သက်၍ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သန့်ရှင်းရေးဌာန က တာဝန်ရှိသူများအား တွေ့ ဆုံမေးမြန်းကာ စုစည်းဖော်ပြ ပါသည်။
ဒေါက်တာအောင်မြင့်မော်၊ ညွှန်ကြားရေးမှူး၊ မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်း ရေးဌာန၊ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ
ယခုအခါမှာ ကမ္ဘာမှာရော မြန်မာနိုင်ငံမှာရော ပလတ် စတစ်နဲ့ပတ်သက်တဲ့ပြဿနာ တွေ ကြုံတွေ့နေရပါတယ်။ ပလတ်စတစ်က ဘယ်လောက် ထိဒုက္ခပေးလဲဆိုရင် ပလတ်စတစ် ဟာ နှစ် ၅၀၀ လောက်ကြာ မှ ကြေပျက်သွားတယ်။ နှစ် ၁၀၀၀ မှာ ကြေပျက်သွားတယ် ဆိုပြီး ပညာရှင်တွေက အမျိုးမျိုး ပြောနေကြတာရှိပါတယ်။ ဒါပေ မယ့် တကယ်တမ်းလေ့လာတဲ့ အခါမှာ ဒီပလတ်စတစ်ဟာ ကြေပျက်သွားခြင်းမရှိပါဘူး။ CNG တို့ ရေနံကုန်ကြမ်းတို့ကနေ ထုတ်လုပ်တဲ့ ဒုတိယအကြိမ် ထုတ်လုပ်တဲ့ ပစ္စည်းဖြစ်တဲ့ အတွက် အမှုန်သေးသေးဘဝကို ရောက်သွားပါတယ်။ အမှုန်သေး သေးဆိုတာ လေထဲမှာ လွင့်နိုင် တဲ့ အမှုန်ဆိုရင် ၁၀ မိုက်ခရွန်နဲ့ သူ့ထက်သေးတဲ့ ငါး မိုက်ခရွန်ရှိ မယ်၊ နောက်ဆုံးမှာ တစ်မိုက်ခရွန် ထက်သေးတဲ့ အလွန်သေးလွန်း တဲ့ အမှုန်အဖြစ်ကို ရောက်ရှိသွား ပါတယ်၊ အဲဒီလိုရောက်သွားတော့ ဘယ်လောက်အန္တရာယ်များ သလဲဆိုရင်၊ သူ့ကို မိုက်ခရွန် ပလတ်စတစ်လို့ခေါ်တယ်၊ နိုင်ငံ ခြားပညာရှင်တွေ စမ်းသပ်တဲ့ အခါမှာ စားပွဲတွေ၊ထိုင်ခုံတွေ၊ အလုံပိတ်ထားတဲ့ အခန်းတွေရဲ့ ပေါင်(ဘောင်)တွေပေါ်မှာ ဖုန်မှုန့် များနဲ့အတူ မိုက်ခရွန်ပလတ်စ တစ်အမှုန်သေးသေးလေးတွေ အများကြီး ပါဝင်တယ်ဆိုတာ တွေ့ရတယ်၊ ဒါကြောင့် ပညာရှင် အမျိုးမျိုးက ဒီပလတ်စတစ်ဟာ နှစ် ၁၀၀၀ မှာ ပျောက်ကွယ် သွားတယ်ဆိုတာဟာ ကျွန်တော် တို့ မျက်လုံးနဲ့မမြင်နိုင်ဘဲ ပျောက်ကွယ်သွားတာကို ဆိုလို ခြင်း ဖြစ်ပါတယ်။
ပလတ်စတစ်ဆိုတာ ရေနံ တို့ CNG တို့ ရေနံချိုးတွေကနေ ထုတ်လုပ်ထားတဲ့အတွက် ပျောက်ပျက်သွားခြင်းမရှိဘဲ အမှုန်သေးသေးလေးကနေ ကျွန်တော်တို့ နှာခေါင်းထဲကို ဝင်တယ်၊ ကျွန်တော်လေ့လာမိ သလောက် ၁၀ မိုက်ခရွန်အရွယ် ရှိတဲ့ ပလတ်စတစ်အမှိုက်လေး ဟာ နှာခေါင်းမှာငြိပြီး ကျန်ခဲ့ တယ်။ ငါး မိုက်ခရွန်ဆိုရင် လည် ချောင်းမှာတစ်ပြီး ကျန်ခဲ့တယ်။ ဒါကိုမြင်အောင် ဆွေးနွေးရမလဲ ဆိုရင် မြေဝါဒေသတွေကို ခရီး သွားတဲ့အချိန်မှာ ကျွန်တော်တို့ တံထွေးလိုက်တဲ့အခါ သလိပ်ထဲ မှာ အဝါရောင်အမှုန်တွေ၊ အနီ ရောင်အမှုန်တွေပါတာတွေ့ရ တယ်၊ ဒါလည်း ငါး မိုက်ခရွန် အရွယ်အစားရှိတဲ့ အမှုန်လေး တွေဖြစ်တယ်။ ဒီထက်သေးတဲ့ ၂ ဒသမ ၅ မိုက်ခရွန် အမှုန်လေး တွေဟာ နှာခေါင်းနဲ့လည်ချောင်း ထဲက ကိုယ်တွင်းအင်္ဂါထဲကို ရောက်သွားတယ်၊ ကိုယ်တွင်း အင်္ဂါထဲကို ရောက်ပြီး အူနံရံတွေ၊ အဆုတ်၊ အသည်းနံရံတွေမှာ ကပ်ညိပြီးတော့ ကြောက်စရာ ကောင်းတဲ့ ကင်ဆာရောဂါနဲ့ အခြားရောဂါ အမျိုးမျိုးဖြစ်တယ်၊ ဒါကြောင့် ပလတ်စတစ်ဟာ နှစ် ၁၀၀၀ မှာလည်း ပျောက်ကွယ် သွားခြင်းမရှိဘဲ တစ် မိုက်ခရွန် ထက်သေးတဲ့ အမှုန်အဖြစ်နဲ့ ကျွန်တော်တို့ကိုယ်တွင်းထဲကို ရောက်ပြီး ရောဂါဘယတွေဖြစ် ပွားစေနိုင်တာ တွေ့ရတယ်၊ ဒါ ကြောင့် နိုင်ငံတကာမှာရော၊ မြန်မာနိုင်ငံမှာရော ပလတ်စ တစ်သုံးစွဲမှုကို ဘယ်လိုလျှော့ချ မလဲဆိုပြီး လက်တွေ့ဆောင် ရွက်နေပါတယ်။
ဒါ့အပြင် ဒီနိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ YCDC မြို့ပြပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့် ရှင်းရေးဌာနကလည်း ပလတ် စတစ်ကို လျှော့ချဖို့ လုပ်နေ ပါတယ်။ ကမ္ဘာမှာတော့ 3R (Reduce၊ Reuse၊ Recycle)Reduce သုံးစွဲမှုလျှော့ချမယ်၊ Reuse ပလတ်စတစ်ကိုပဲ အကြိမ်ကြိမ်ပြန်သုံးမယ်၊ Re-cycle ပလတ်စတစ်ကနေ အခြားကုန်တစ်ခုကို ထုတ်လုပ် သုံးစွဲမယ်ဆိုပြီး ဆောင်ရွက်နေ ပါတယ်။ အဲတော့ ၂၀၁၁ ခုနှစ် မှာ ပလတ်စတစ်အမာအမျိုး အစားကို မသုံးရဘူးဆိုပြီး လုပ်ခဲ့တာရှိပါတယ်။ အဲဒီအခါ ပြဿနာက အမှိုက်ပစ်တဲ့ ကြွပ်ကြွပ်အိတ်တွေ၊ စားစရာ ထည့်တဲ့ ကြွပ်ကြွပ်အိတ်တွေမှာ HDBE ပလတ်စတစ်အမာစားပါ ရောပြီး သုံးရတယ်။ သုံးရတဲ့ အခါ ၂၀၁၁ ခုနှစ်မှာ မြန်မာ နိုင်ငံအနေနဲ့ ဟိုက်ဒန်စတီ ပိုလီတက်သလင်းကိုတန်းလုပ် ပါတယ်။ အခု နောက်ပိုင်း မှာတော့ 3R ကို တွင်တွင် ကျယ်ကျယ်လုပ်နေပါတယ်၊ အဲဒါကို အခြေခံပြီး ၁၁၊ ၁၊ ၂၀၂၃ ခုနှစ်မှာ Wast Bank ဆိုပြီး ကျွန်တော်တို့ဌာနနဲ့ JFE ဆိုတဲ့ကုမ္ပဏီတို့ပူးပေါင်းပြီး ရေသန့်ဘူးတွေကို ဝယ်ပါတယ်၊ ရေသန့်ဘူးဝယ်တာတော့ လောလောဆယ်မှာ ဗိုလ်ချုပ်ဈေး အရှေ့ဘက်မှာဝယ်ပါတယ်၊ ၄၆ လမ်း ဝန်ထမ်းရုံးမှာဝယ်နေပါ တယ်၊ နောက်ပြီး ဗိုလ်တထောင် ဂမုန်းပွင့်ကုန်တိုက်မှာ ဝယ်နေပါ တယ်၊ ရေသန့်ဘူးတစ်ဘူးကို ၂၅ ကျပ်နှုန်းနဲ့ ဝယ်ယူပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ပလတ်စတစ်လျှော့ချရေးနဲ့ ရေသန့် ဘူးတွေ ဘယ်လောက်သုံးနေကြ လဲဆိုတာကို ရှေ့ပြေးစီမံကိန်း အနေနဲ့ဆောင်ရွက်နေတာဖြစ် ပါတယ်၊ အဲ့ဒီအပြင် ကျွန်တော်တို့ ဌာနကဦးဆောင်ပြီး UN- Habitat နဲ့ သန့်မြန်မာ ပူးပေါင်းပြီး၊ Clean up Campaign ပေါ့နော်၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်တွေမှာ ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်နဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တွေမှာ အမှိုက်ထဲက ပလတ်စတစ်တွေကို ရွေးချယ် ဝယ်ယူတဲ့လှုပ်ရှားမှုကို ပြုလုပ် ခဲ့ပါတယ်၊ ရေသန့်ဘူးကို ဝယ် တဲ့အခါ သန့်တဲ့ဘူးကို ဝယ်တာ များတယ်၊ ဘူးကိုဆေးကြောပြီး လိုအပ်တဲ့သူတွေသုံးလို့ရအောင်၊ နောက် Recycle ပေါ့နော် ။နောက် ထပ်ကုန်ကြမ်းအနေနဲ့ဆောင် ရွက်တာရှိတယ်၊ ရေသန့်ဘူးက တစ်ရက်ကို ကျပ်နှစ်သိန်းခွဲဖိုး လောက်ဝယ်ယူတာရှိပါတယ်။
ဦးကျော်အေး (သင်္ဃန်းကျွန်း ခရိုင်မှူး) မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန
ကျွန်တော်တို့ သင်္ဃန်းကျွန်း ခရိုင်က မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ပင်းယလမ်း မှာ UN- Habitat နဲ့ ကျွန်တော်တို့ ဦးဆောင်ပြီး ပလတ်စတစ်လျှော့ချ ရေးလုပ်ငန်းစဉ်ကို ဖေဖော်ဝါရီ ၁၂ ရက်မှာ နံနက် ၉ နာရီကနေ ညနေ ၃ နာရီအထိ ဆောင်ရွက်ခဲ့ ပါတယ်၊ ကျွန်တော်တို့ခရိုင်က ယာဉ်နှစ်စီး၊ လူအင်အား ၁၅ ယောက်နဲ့ ပါဝင်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်၊ ပလတ်စတစ် ဝယ်ယူရေးလုပ်ငန်းစဉ်ကိုတော့ UN- Habitat နဲ့ သန့်မြန်မာတို့က ဆောင်ရွက်ပြီး၊ ကျွန်တော်တို့အနေ နဲ့က ရရှိလာတဲ့ပလတ်စတစ်အိတ် တွေကို အမှိုက်အဖြစ်နဲ့အမှိုက် သိမ်းယာဉ်များနဲ့ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံကို သွားရောက် ပစ်ခဲ့ပါတယ်၊ ရွှေပေါက်ကံ မြို့နယ်မှာ အမှိုက်ပိဿာချိန် ၂၃၃၆ ပိဿာရရှိခဲ့ပါတယ်။
ဦးကျော်မြင့် (ဒဂုံမြို့သစ် ခရိုင်မှူး)
မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဌာန
ကျွန်တော်တို့အခု ပလတ် စတစ် အမှိုက်လျှော့ချရေး လှုပ်ရှားမှုကို ခရိုင်နဲ့မြို့နယ် အဖွဲ့တွေ ပူးပေါင်းပြီးဆောင် ရွက်ပါတယ်၊ သန့်မြန်မာရယ်၊ UN-Habitat နဲ့ ကျွန်တော် တို့ဌာနက အဖွဲ့တွေပူးပေါင်း ဆောင်ရွက်ပါတယ်၊ ဖေဖော် ဝါရီ ၁၁ ရက်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၂၂ ရပ်ကွက် မှာ ကျွန်တော်တို့ဌာနက ဝန်ထမ်း ၁၅ ဦး၊ အမှိုက်သိမ်းယာဉ် သုံးစီးနဲ့ ပူးပေါင်းဆောင်ရွက်ပေး ပါတယ်၊ အဲဒီမှာတော့ အမှိုက် ပိဿာချိန်အနေနဲ့ ဒဂုံတောင်မှာ ၂၇၄၆ ပိဿာ ဝယ်ယူရရှိခဲ့ပါ တယ်၊ အဲဒီဝယ်ယူရရှိလာတဲ့ ပလတ်စတစ်အမှိုက်တွေကို နောက်ဆုံးစွန့်ပစ်အမှိုက်ပုံဖြစ် တဲ့ထားဝယ်ချောင် အမှိုက်ပုံကို သွားရောက်စွန့်ပစ်ပြီးဒဂုံဆိပ်ကမ်း မြို့နယ်မှာ ဖေဖော်ဝါရီ ၁၃ ရက် မှာလည်း ဒီအဖွဲ့တွေနဲ့ပူးပေါင်း ပြီးတော့ ဒဂုံဆိပ်ကမ်း ၉၃ ရပ် ကွက်မှာ ဆောင်ရွက်ပေးပါတယ်၊ အဲဒီလမ်းကျဉ်းတဲ့အတွက် ပွိုင့် သုံးပွိုင့်ခွဲပြီး၊ ပထမပွိုင့်မှာ အမှိုက်ပိဿာချိန် ၂၇၈၀၊ ဒုတိယပွိုင့်ကတော့ ၂၀၅၀ ပိဿာနဲ့ တတိယပွိုင့်ကတော့ ၈၄၆ ပိဿာ ရရှိပါတယ်၊ စုစုပေါင်း ၅၆၇၆ ပိဿာ ဝယ်ယူရရှိခဲ့ပါ တယ်၊ ရရှိတဲ့ပလတ်စတစ် အမှိုက်တွေကိုလည်း နောက်ဆုံး စွန့်ပစ်အမှိုက်ပုံကိုပဲ သွားရောက် စွန့်ပစ်ပေးပါတယ်၊ ကျွန်တော် တို့ဌာနအနေနဲ့ အမှိုက်စိုနဲ့ အမှိုက်ခြောက်ကို ခွဲခြားစွန့်ပစ် ဖို့ပြောကြားနေပါတယ်။ ဒီလို ခွဲခြားစွန့်ပစ်မှသာ သိမ်းဆည်းရ တာလည်း လွယ်ကူမှာဖြစ်ပါ သည်။ အနံ့အသက်နဲ့ ပတ်ဝန်း ကျင်ညစ်ညမ်းမှုကိုလည်း သက် သာစေမှာဖြစ်ပါတယ်၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်မှသာ ရောဂါ ဘယတွေကို ကာကွယ်ပြီးသား ဖြစ်မှာပါ။
ဦးကျော်မင်းထွန်း မြောက်ဥက္က လာပမြို့နယ် တာဝန်ခံ
မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သန့်ရှင်းရေးဌာန
ကျွန်တော်တို့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ပလတ်စတစ်အမှိုက် လျှော့ချရေး လှုပ်ရှားမှုအနေနဲ့ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ ၁၉၂၅ ရပ်ကွက်မှာ ဆောင်ရွက်ခဲ့ပါ တယ်၊ အဲဒီနေရာကတော့ ကျွန်တော်တို့ အမှိုက်သိမ်း ဆည်းရာလည်း ကောက်ခံမှု မရှိတဲ့ နေရာဖြစ်ပါတယ်၊လူနေ အိမ် စုစုပေါင်း ၂၁၂ အိမ် ၊ အိမ်ထောင်စု ၁၀၁၇ အိမ်ရှိပါ တယ်၊ အဲဒီမှာ ကျွန်တော်တို့ ဌာနအနေနဲ့ အမှိုက်သိမ်းယာဉ် တစ်စီး၊ ဝန်ထမ်းအင်အား ၁၅ ဦး နဲ့ အမှိုက်လျှော့ချရေးအစီအစဉ် မှာ ပါဝင်ဆောင်ရွက်ပါတယ်၊ အမှိုက်တစ်ပိဿာကို တစ်ရာ ကျပ်နှုန်းနဲ့ ဝယ်ယူပြီးကျွန်တော် တို့ဌာနအနေနဲ့ UN- Habitat အဖွဲ့တို့ ဝယ်ယူထားတဲ့ ပလတ် စတစ်အမှိုက်တွေကို နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကို သယ်ယူစွန့်ပစ်ပေးပါတယ်၊ ဒီလှုပ်ရှားမှုကာလကိုတော့ ခြောက်လ သတ်မှတ်ပြီး Recycle လုပ်တဲ့အမှိုက်တွေကို လျှော့ချပြီး ဆောင်ရွက်ခြင်းဖြစ် ပါတယ်။ အမှိုက်နဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ကျွန်တော် တို့ဌာနအနေနဲ့ ကြိုးစားပြီး ဆောင်ရွက်ပေးနေပါတယ်။ အမှိုက်စွန့်ပစ်တဲ့ ပြည်သူတွေ ကလည်း မိမိတို့ မြို့နယ်၊ ရပ်ကွက်၊ လမ်း နေရာတိုင်း သန့်ရှင်းမှုရှိအောင် အမှိုက်တွေ ကို စနစ်တကျနဲ့ စွန့်ပစ်ပေးဖို့ မေတ္တာရပ်ခံပြောကြားလိုပါ တယ်။
တွေ့ဆုံမေးမြန်း- နန္ဒာဆွေ(မြို့တော်)
ဓာတ်ပုံ- စောသိန်းဝင်း