နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ်တွင်အလယ်တန်းအဆင့်Grade-7 သင်ရိုးသစ် Online နည်းပြသင်တန်းပို့ချ

ရန်ကုန် ဇွန် ၁၈


‌ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့၊ အထက(၁)ခန်းမဆောင်တွင် အလယ်တန်းအဆင့်(Grade 7) သတ္တမတန်း သင်ရိုးသစ်Onlineနည်းပြသင်တန်းဖွင့်ပွဲကိုဇွန် ၁၈ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရှိရသည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်ကပြောင်းလဲလာသော ပညာရေးစနစ်သစ်နှင့်အညီ            သင်ကြားပို့ချပေးနေသော ဆရာ၊ဆရာမများမှသင်ကြားမှု နည်းစနစ်များ မှန်ကန်ပြီး ပညာရေးစနစ်သစ်၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်အတွက် ရည်ရွယ်ပြီး သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ ထို့နောက်သင်တန်းသား သင်တန်းသူ ၁၈ ဦး တို့အား Grade-7 Virtual Online ToT  Training Schedule အစီအစဉ်အတိုင်းအခြေခံပညာ ဦးစီးဌာန နေပြည်တော်မှ Online ဖြင့် တိုက်ရိုက်သင်ကြားပို့ချပေးကာ ပြန်လည် ဆွေးနွေးကြကြောင်းသိရှိရသည်။


အဆိုပါ သင်တန်းကို ဇွန် ၁၈၊ ၁၉ နှစ်ရက်ကြာ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းတက်ရောက်ပြီးသည့် နည်းပြ ၁၈ ဦးတို့က ဇွန် ၂၂ ရက် မှ ၂၈ရက်အထိ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ ၄၃၉ ဦးအား အထက( ၁)တွင် စာသင်ခန်းပေါင်း ၁၈ ခန်း၌ Face to Face ဆင့်ပွားသင်တန်းကို ရက်သတ္တပတ်ကြာ ပြန်လည်ပို့ချပေးမည်ဟုသိရှိရသည်။ သင်တန်းနောက်ဆုံးရက်တွင် COVID -19 ကမ္ဘာ့ကပ်ရာဂါနှင့်ပတ်သက်၍ သိရှိလိုက်နာနိုင်ရန်ကျန်းမာရေးဌာနမှ ပူးပေါင်းသင်တန်း  ပို့ချပေးမည်ဟုသိ ရသည်။                                                                                                                    


ကိုကျော် (သုံးခွ)






အခြားဆက်စပ်သတင်းများ