နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကင်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး ဆောင်ရွက်

ရန်ကင်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေး   စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၅ ရက်၊ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများက တွဲဖက်ဝန်ထမ်း များပူးပေါင်းအင်အား ၂၄ ဦးဖြင့် အမှတ် ၁၃ ရပ်ကွက်၊ မဟာဗောဓိလမ်းအတွင်းရှိ အမှိုက် သဲ၊ ခဲ များ ရှင်းလင်းခြင်း၊ သစ်ပင်များတွင် စည်းကမ်းမဲ့ကြော်ငြာများရှင်းလင်းခြင်း၊ အမှတ် ၁၄ ရပ်ကွက်၊ (မိုးကောင်း လမ်းနှင့်အောင်ဇေယျလမ်းထောင့်) ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအတွင်း အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ မိုးကောင်းလမ်းတစ်လျှောက် လူသွားစင်္ကြံလမ်းဘေးကတ်တုံးများရေဆေးကြောခြင်း၊ ထွက်ရှိ မြေကြီးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ် ခြင်းများဆောင်ရွက်စဉ်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ