နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲတော် နောက်ဆုံးရက်တွင် ပြခန်းများနှင့် ဈေးဆိုင်ခန်းများဖျော်ဖြေတင်ဆက်မှုများတွင် ကြည့်ရှုသူများဖြင့် စည်ကား

ရန်ကုန်   ဖေဖော်ဝါရီ   ၁၅

၂၀၂၃ ခုနှစ်၊ ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  အဖြစ် ရန်ကုန်မြို့ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက် အထိ ၅ ရက်ကြာ ကျင်းပခဲ့သည့် ဝန်ကြီး ဌာန၊ ပြည်‌ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ နှင့် ဒေသထွက်ကုန် အရောင်း ဆိုင်ခန်းများ (ပြည်ထောင်စု နယ်မြေ) နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး စက်မှုဇုန် ၂၉ ဇုန် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) ထုတ်ကုန်များ ဈေးရောင်းပွဲတော် နောက်ဆုံးနေ့တွင်ပြည်သူများ  ပျော်ရွှင်စွာ   လာရောက်ဆင်နွှဲ ကြရာ နံနက်ပိုင်းမှ စတင်ကာ ညပိုင်းအထိ စည်ကားလျက်  ရှိသည်။

ဝန်ကြီးဌာန ပြခန်းများ တိုင်းရင်းသားများ၏ ဖျော်ဖြေ တင်ဆက်ကပြမှုများကို ကြည့်ရှု သူများ၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးကြသူများ၊ တိုင်းရင်း သား ရိုးရာဒေသထွက်အစား   အစာရောင်းချသည့်ဆိုင်ခန်း များတွင် လည်ပတ်စားသောက် ကြသူများ ယခင်နေ့ကထက် ပိုမိုစည်ကားသည်ကို တွေ့ရ သည်။

ပြည်သူ့ရင်ပြင်အတွင်းရှိ ရေပန်းအဝိုင်းအနီး MSMEထုတ်  ကုန်များရောင်းချသည့် (ပြည် ထောင်စုနယ်မြေ) နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး စက်မှု ဇုန် ၂၉ ဇုန် အပါအဝင်တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ အသေးစား၊ အငယ်စား၊အလတ် စား ထုတ်ကုန်ပစ္စည်းပြခန်းများ နှင့် ဈေးရောင်းပွဲတော်တွင် လည်း ဝယ်ယူသူများဖြင့် စည် ကားလျက်ရှိသည်။

ညပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်တိုင်းဒေသကြီး ဝန်ကြီးများ က ပြခန်းများရှေ့တွင် ပြခန်း တာဝန်ခံများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြပြီး ပြခန်းတာဝန်ခံများကို လိုက်လံ နှုတ်ဆက်ကြသည်။

ထို့နောက်တိုင်းရင်းသား၊ တိုင်းရင်းသူများက ပွဲတော် နောက်ဆုံးရက်အဖြစ် ရှမ်းရိုးရာ အကများ၊ ကရင်ဒုံးယိမ်းအက၊ ကယားရိုးရာ ဖားစည်သံအက နှင့် တိုင်းရင်းသား၊ တိုင်းရင်းသူ များ စုပေါင်း၍ ထာဝရမြန်မာ သီချင်းဖြင့် ပွဲတော်လာ ပြည်သူ များကို နှုတ်ဆက်ဖျော်ဖြေတင် ဆက်ကြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ကြသည်။

၇၆ နှစ်မြောက် ပြည်ထောင် စုနေ့ အထိမ်းအမှတ်ပွဲတော်၌ ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေ ပြည်တော်ကောင်စီ၊တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပြခန်း ၁၅ခန်း၊  တိုင်းရင်းသားရိုးရာ အစားအစာ ပြခန်း ၁၅ ခန်းနှင့်(နေပြည်တော်) တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME  ထုတ်ကုန် များ အရောင်းပြခန်း ၃၈၅ ခန်း တို့ကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက်တိုင်တိုင် နံနက် ၉ နာရီမှ ည ၁၀ နာရီခွဲ အထိ ခင်းကျင်းပြသခဲ့ရာ တိုင်း ရင်းသား ရိုးရာအကများ၊ ရုပ်ရှင် အနုပညာရှင်များ၊စတူဒီယိုတေး  သံရှင်များ၊ မျိုးဆက်သစ် အဆို ရှင်များ၏ ဖျော်ဖြေတင်ဆက်မှု များဖြင့်လည်းကောင်း မီးရှူးမီး ပန်းများ လွှတ်တင်၍လည်း ကောင်း၊ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ ပြည်သူ များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ နှင့် အခြေခံပညာကျောင်းများ မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ လာရောက် လေ့လာကြည့်ရှုခဲ့ကြသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ