နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လသာမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးဆောင်ရွက်

လသာမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီ ၁၄ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများက တွဲဖက်ဝန်ထမ်း များ ပူးပေါင်းအင်အား ၂၆ ဦးဖြင့် အမှတ် ၁၀ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊အထက (၂)ကျောင်းရှေ့၌ အမှိုက်သဲခဲများ လှည်းကျင်းသိမ်းဆည်းခြင်း၊ လမ်းသားပေါ်ရှိ အရိပ်ရပင်များ၏အုပ်မိုး ကိုင်းများဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ အောက်တက်များရှင်းလင်းခြင်း၊ လူသွားစင်္ကြံကတ်တုံးများ ချေးချွတ်ရေဆေးကြောခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဖြတ်မြောင်းနှာပေါက်များနှင့် ရေမြောင်းများအတွင်း  အမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်နှင့်မြောင်းချေး များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ကြစဉ်။                    

ယဉ်မွန်






အခြားဆက်စပ်သတင်းများ