နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ( YRTC)နှင့် မီဒီယာများတွေ့ဆုံပွဲ ၂/၂၀၂၃ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊              ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီး ကြပ်မှု ကော်မတီ(YRTC)နှင့် မီဒီယာများတွေ့ဆုံပွဲ ၂/၂၀၂၃အခမ်းအနားကို ဖေဖော်ဝါရီ  ၁၄ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၊ လေးထောင့်ကန်လမ်းရှိ  (YRTC)ရုံး၌ ကျင်းပရာ    ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီတာဝန် ရှိသူများနှင့် သတင်းဌာနများက တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါမီဒီယာတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၊ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က(YRTC) အနေဖြင့် ဘေးကင်းလုံခြုံပြီး    ဝန်ဆောင်မှု ကောင်းသော အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဦးချင်းပိုင် YBS ခရီးသည် တင်ယာဉ်များအားလုံး မေ ၃၁ ရက်နောက်ဆုံးထားပြီး အများပိုင် ကုမ္ပဏီယာဉ်များအဖြစ်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ YBS ခရီးသည်တင် ယာဉ်များတစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်နေမှုများကို ဖမ်းဆီးပြီး  ပြစ်မှုပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်လျက်ရှိသည့်  အခြေအနေများ၊ ကညန၏ ၂၀၂၁ ခုနှစ် ဇူလိုင်  ၁ ရက်က စတင် ပြောင်းလဲ တပ်ဆင်အသုံးပြုရမည့် ဖောင်းကြွနံပါတ်ပြားများကို YBS ယာဉ်များတွင် တပ်ဆင်ဆောင်ရွက်မှုအခြေအနေများနှင့် City Taxi ယာဉ်၏ ဘေးစတေကာနံပါတ်များ၊ ဖေဖော်ဝါရီ ၁ ရက်က စတင် ပြောင်းလဲပြင်ဆင် ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းပြော ကြားပြီး မီဒီယာများက သိရှိလိုသည်များကို မေးမြန်းရာ YRTC တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု   ကော်မတီအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  ယာဉ်ထိန်းရဲတပ်ဖွဲ့၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့နှင့်ပူးပေါင်းပြီး ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ စိတ်အေးချမ်းမြေ့စွာသွားလာနိုင်စေရေး  ဆောင်ရွက်ပေးလျက်ရှိ ကြောင်း  သိရသည်။                                    

နန္ဒာဆွေ (မြို့တော်)






အခြားဆက်စပ်သတင်းများ