နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်မြေသာစံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွေ့ဆုံဆွေးနွေး

မန္တလေး ဇွန် ၁၈


၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကို COVID-19 ရောဂါကြိုတင်ကာကွယ်နည်းလမ်းများနှင့် အညီကျင်းပနိုင်ရေးအောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများညှိနှိုင်းအစည်းအဝေးကို ဇွန်၁၇ရက်၊နံနက်၁၀နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တွင်ကျင်းပသည်။


အစည်းအဝေးတွင် အောင်မြေသာစံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဒေါက်တာ ကိုကိုကြီးက၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲသည် COVID-19 ကာလနှင့်တိုက်ဆိုင်နေသည့်အတွက် ရွေးကောက် ပွဲလုပ်ငန်းစဉ်များကို ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်လို ကြောင်း၊ရွေးကောက်ပွဲလုပ်ငန်းစဉ်များအနက်မဲစာရင်းများမှန်ကန်ရေး၊ မဲစာရင်းကပ်ထားကြေညာခြင်း၊ မဲစာရင်းလာရောက်ကြည့်ရှု့ရာတွင်ရောဂါကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး အကြံပြုဆွေးနွေးရန်ပြောကြားသည်။ ထို့နောက်တက်ရောက်လာသည့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများက မဲစာရင်းများပြုစုပြီးစီး မှု၊ မဲစာရင်းမှန်ကန်ရေးစစ်ဆေးဆောင်ရွက်မှုများနှင့်မဲစာရင်းများကြေညာစဉ်ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီဖြစ်စေရေးဆောင်ရွက်သွားရန်ဆွေးနွေးကြသည်။


အောင်မြေသာစံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကို ချမှတ် ထားသည့်စံ(၅)ချက်နှင့်အညီ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။                                                                                         


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ