နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းဘူး(စကု)မြို့နယ်၊ ဆင်ခေါင်း-ဇီးအိုင်ကြိုးပြင်ကာကွယ်တောအတွင်း ကျေးရွာထင်းစိုက်ခင်း ဧက ၃၀ စိုက်ပျိုး

မင်းဘူး ဇွန် ၁၈


မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ဆင်ခေါင်း-ဇီးအိုင်ကြိုးပြင်ကာကွယ်တော အတွင်း ကျေးရွာနေပြည်သူများအတွက် ကျေးရွာထင်းစိုက်ခင်းအဖြစ် ဧက ၃၀  စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


“သစ်တောကြိုးဝိုင်းအနီးတဝိုက်မှာ နေထိုင်ကြတဲ့ ကျေးရွာနေပြည်သူတွေအတွက် ထင်းလောင်စာ တွေရယ် လယ်ယာသုံးကိရိယာအနေနဲ့ဆိုရင်တိုင်၊ မျောစတာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့ ၁/၂၀၂၀ ကျေးရွာထင်းစိုက်ခင်း ဧက ၃၀ ကို ဒီကြိုးပြင်ကာကွယ်တောထဲမှာ စိုက်ပေးတာပါ။ ဒီဒေသက အပူပိုင်းမိုးနည်းရပ်ဝန်းဒေသ ဖြစ်တာကြောင့် ရာသီဥတုဒဏ်ကိုခံနိုင်မဲ့ လသားရင့်အပင်တွေကို ရွေးချယ်ပြီးစိုက်ပျိုးရခြင်း    ဖြစ်ပါတယ်” ဟု မင်းဘူးမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးဝင်းအောင်က ပြောသည်။ 


“အခုလိုလာရောက်စိုက်ပျိုးပေးတော့ တောင်ယာဝင်ချိန်ဆိုရင် လယ်ယာသုံးကိရိယာတွေနဲ့ ထင်းတွေ ကိုလည်း ဒီကျေးရွာထင်းစိုက်ခင်းထဲကပဲ ရရှိတာလေ၊ နောက်ပြီးကျွန်တော်တို့ ဒီနားကကျေးရွာတွေက လျှပ်စစ်မီးမရရှိသေးတော့ ထင်းမီးကိုပဲ ဦးစားပေးသုံးစွဲနေရတာပါ” ဟု ဒေသခံတောင်သူ ဦးမန်းတင်က ပြောသည်။


အဆိုပါ ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်း ကျေးရွာထင်းစိုက်ခင်းအဖြစ် ယူကလစ် အပင်ပေါင်း ၃၆၃၀၀ ကို သစ်တောဦးစီးဌာနဝန်ထမ်းများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။


မောင်မောင် (မင်းဘူး)






အခြားဆက်စပ်သတင်းများ