နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းများ ကမ္ဘာ့တိုက်ကြီး ၅ တိုက်တွင် တွေ့ရှိ

ဝါရှင်တန် ဖေဖော်ဝါရီ ၁၀

တရုတ်နိုင်ငံ၏ ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီးများကို ကမ္ဘာ့တိုက်ကြီး ၅ တိုက်တွင် တွေ့ရှိသဖြင့် ရရှိထားသည့် အချက်အလက်များကို မဟာမိတ်များ ထံ မျှဝေမည်ဖြစ်ကြောင်း အမေရိကန် က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြား လိုက်သည်။

အမေရိကန်အနေဖြင့် ကမ္ဘာတဝှမ်း ဒါဇင်ချီရှိသည့် နိုင်ငံများထံ သံရုံးများက တစ်ဆင့် ဆက်သွယ်ကာ သတင်းများ ကို ဖလှယ်နေကြောင်း အမေရိကန်နိုင်ငံ ခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ဆိုသည်။

ထို့ပြင် တရုတ်ထောက်လှမ်းရေးမီးပုံးပျံများသည် အမေရိကန်ပြည်ထောင်စု တစ်ခုတည်းကိုသာ ပစ်မှတ်ထားသည့် အစီအစဉ်မဟုတ်ဘဲ ကမ္ဘာ့တိုက်ကြီး ၅ တိုက်ရှိ နိုင်ငံများ၏ အချုပ်အခြာကိုပါ ချိုးဖောက်နေကြောင်း ယင်းက ပြော သည်။

အမေရိကန် ထောက်လှမ်းရေးဌာန များကမူ မကြာမီက မြောက်အမေရိက တိုက်ပေါ်သို့ ဖြတ်သန်းလာသည့် သံသယရှိဖွယ် တရုတ်ထောက်လှမ်း ရေး မိုးပျံပူဖောင်းကို တရုတ်စစ်တပ်၏ ကျယ်ပြန့်သည့် ထောက်လှမ်းရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် သုံးသပ် ထားသည်။

အမေရိကန်ကာကွယ်ရေး ဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်လေတပ် ဗိုလ်မှူး ချုပ် Pat Ryder ၏ ပြောကြား ချက်အရ  တရုတ်နိုင်ငံသည် ထောက် လှမ်းရေးမိုးပျံ ပူဖောင်း ငါးခုအထိ အမေရိကန် ကို ဖြတ်သန်းခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။


(ref: AFP)






အခြားဆက်စပ်သတင်းများ