ရန်ကုန် ဇွန် ၁၈
သီတဂူဆရာတော်ကြီးဒေါက်တာဘဒ္ဒန္တဉာဏိဿရသည် ကိုဗစ်-၁၉ ရောဂါ Stay Home ကာလဆွမ်းဆန်ခံမထွက်နိုင်ကြသောသာသနာ့အနွယ်ဝင် သီလရှင်များကိုတစ်ပါးလျှင် ဆန်တစ်တင်း၊ ဆီ ၁ပိဿာနှုန်းဖြင့် ထောက်ပံ့လှူဒါန်းခြင်းကို ဇွန် ၁၇ရက် မွန်းလွဲ၁နာရီကတွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ဒလမြို့နယ် (၄)မြို့နယ်အတွင်းရှိသီလရှင်ကျောင်းတိုက်ပေါင်း ၅၆ ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသော သီလရှင် ၇၁၃ ပါးတို့ကို မွန်းလွဲ ၁ နာရီက အိုးဖိုအရှေ့ရပ်ကွက် မဟာဝေပုလ္လ သီလရှင်စာသင်တိုက်၌ ပေးအပ်လှူဒါန်းခဲ့စဉ်။
နိုင်လင်းကျော်(ဒလ)