နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့မှူးမြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုး၊အဘွားများအား လူမှုရေးပင်စင်နှင့်ထပ်ဆောင်းထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန် ဇွန် ၁၈


ရန်ကုန်တောင်ပိုင်းခရိုင်ကော့မှူးမြို့နယ်တွင် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေး ပင်စင်နှင့် ထပ်‌‌ဆောင်းထောက်ပံ့ငွေများအားရပ်ကွက်‌ကျေးရွာများအရောက် ဇွန် ၁၈ ရက် နံနက်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးနေကြောင်းသိရသည်။


ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသက် ၈၅ နှစ် အထက်သက်ကြီးအဘိုးအဘွားများအားနိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှုအ‌နေဖြင့် တစ်ဦးလျှင်တစ်သောင်းနှုန်းဖြင့်         တတိယသုံးလပတ်အတွက်ငွေကျပ်သုံးသောင်းကျပ်နှင့် COVID-19 ကာလအတွင်းထပ်ဆောင်းထောက်ပံ့ငွေကျပ်သုံးသောင်းကျပ် စုစုပေါင်းခြောက်သောင်းကျပ်အားအိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးနေ ကြောင်း သိရသည်။


ကော့မှူးမြို့နယ်တွင် ဧပြီ၊ မေ၊ ဇွန်သုံးလအတွက် လူမှုရေးပင်စင်နှင့် COVID-19 ရောဂါဖြစ်ပွားသည့် ကာလ ထပ်ဆောင်း ထောက်ပံ့ငွေခံစားရရှိသော အဘိုးအဘွား ၃၈၄ ဦးရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှသိရသည်။   


(ကျော်သူရကော့မှူး)






အခြားဆက်စပ်သတင်းများ