နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့သောင်းမြို့နယ် ပင်လယ်ပြင်အတွင်း စည်းကမ်းပျက်ငါးဖမ်းလှေများ ဖမ်းဆီးအရေးယူ

ကော့သောင်း   ဇွန် ၁၇


ကော့သောင်းမြို့နယ် ပင်လယ်ပြင်အတွင်း စည်းကမ်းမဲ့ငါးဖမ်းလျက်ရှိသည့် ကမ်းနီးငါးဖမ်းလှေ နှစ်စင်းကို တပ်မတော်(ရေ)မှ ဇွန် ၁၄ ရက်က ဖမ်းဆီးရမိခဲ့ပြီး ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ကော့သောင်း မြို့နယ်ရဲတပ်ဖွဲ့နှင့် ငါးလုပ်ငန်းဦး စီးဌာနသို့ လာရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်(ရေ)မှ  စစ်ရေယာဉ်သည် အက်ဒမန်ပင်လယ်အတွင်း ကင်းလှည့်နေစဉ် လင်းရှူးကျွန်းအနောက်တောင်ဘက် တွင် ငါးဖမ်းလှေနှစ်စင်းရောက်ရှိနေကြောင်း သတင်းအရသွား ရောက်ရှင်းလင်းရာ မြောက်လတ္တီတွဒ် ၁ဝ'၃၆မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၉၈'၁၂ ဒသမ ၅ မိနစ် လင်းရှူးကျွန်း အနောက်တောင်ဘက် ၁ ဒသမ၄ Nauticalmile အကွာတွင် လှေဂရန်၊ စက်ဂရန်လုပ်ငန်းလိုင်စင်ပါရှိသော်လည်း စက်မြင်းကောင် ရေအားကွဲလွဲနေသည့် ငွေလင်းတိုး (၂)အမည်ရှိလှေသားရှစ်ဦးပါ စည်းပျက်၊ ကဏန်းဖမ်းလှေနှင့်လှေ အမည်ရေးထားခြင်းမရှိသော လုပ်ငန်းလိုင်စင်တွင် ''စန္ဒကူး'' အမည်ပါရှိပြီး၊ လိုင်စင်ပါအချက် အလက်များနှင့် ကိုက်ညီခြင်းမရှိသော လှေသားခြောက်ဦးပါ စည်းကမ်းပျက် ကဏန်းဖမ်းလှေတို့ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။


ဖမ်းဆီးရမိသည့် လှေများနှင့်ရေလုပ်သားများကို ကော့သောင်း မြို့မရဲတပ်ဖွဲ့စခန်းနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့က သက်ဆိုင်ရာငါးလုပ်ငန်းဥပဒေများနှင့်အညီဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ