နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းတနော်မြို့၌ မိသားစုဝင်ငွေတိုးပွားစေရန် တစ်နိုင်တစ်ပိုင် ထိုင်ဝမ်(ငါးပြေမ)မွေးမြူရေးလုပ်ငန်းလုပ်ကိုင်

ပန်းတနော်   ဇွန်    ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ထိန်ကုန်းကျေးရွာတွင် မိသားစုဝင်ငွေတိုးပွား စေရန်  တစ်နိုင်တစ်ပိုင် ထိုင်ဝမ် (ငါးပြင်မ)မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။


"တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးအနေနဲ့ ထိုင်ဝမ်(ငါးပြင်မ)ကို ကျင်ခွက်နဲ့ဝယ်ပြီး မွေးမြူပါတယ်။ မွေးလို့ တစ်လသားပြည့်တဲ့အချိန်မှာ အကြီးအသေးပြန်ခွဲပါတယ်။ ခုဆိုရင် ၂ လနဲ့ ၁၃ ရက်သားရှိပါပြီ။  ငါးကို လေးလလောက်မွေးရတာကြောင့် ငါးစာအနေနဲ့ကတော့ တစ်လကို ငါးအစာ ၅ အိတ်လောက်ကုန်ပါတယ်။ 


အကျိုးအမြတ်ကတော့ စျေးကွက်ပေါ်မူတည်ပြီးကြည့်ရမှာပါ။ လက်ရှိစျေးကတော့ ဒိုင်စျေးက ၆၅၀၀ ပန်းတနော်စျေးခွဲလက်လီမှာတော့ ၁၂၀၀၀ စျေးရှိပါတယ်" ဟု ထိန်ကုန်းကျေးရွာမှ တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ဦးနိုင်လှထွန်းကပြောသည်။ ပန်းတနော်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းကိုလည်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။


အေးချမ်းအောင်(ပန်းတနော်)






အခြားဆက်စပ်သတင်းများ