နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်း ပြန်လည်ထူထောင်ရေး ကန်နှင့်အီးယူ ကူညီရန် ကတိပြု

ဘရပ်ဆဲလ်  ဖေဖော်ဝါရီ ၆

ရုရှား ကျူးကျော်စစ်နှင့် ရင်ဆိုင် နေရသည့် ယူကရိန်း ပြန်လည် ထူထောင်ရေးအတွက် ဆက်လက် ထောက်ပံ့ကူညီမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူများက  ကတိပြုလိုက်ပြီး အမေရိကန်ကလည်း နောက်ထပ် ဒေါ်လာ ၂ ဘီလျံကျော်ကို လုံခြုံရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း ဖေဖော်ဝါရီ ၅ ရက်က ကြေညာ လိုက်သည်။

ဥရောပကောင်စီ အကြီးအကဲ Charles Michel က ယူကရိန်းစစ်တပ်ကို ထောက်ပံ့မှု၊ ကျောင်းများ ဆေးရုံများ နှင့် အရေးကြီးသည့် အခြေခံ အဆောက် အအုံများအတွက် ထောက်ပံ့မှုများ အပါအဝင် စုစုပေါင်း ထောက်ပံ့မှုသည် ယူရို ၆၀ ဘီလျံနီးပါး ရှိပြီ ဖြစ်ကြောင်း ပြောသည်။

ဥရောပကောင်စီ အကြီးအကဲ Charles Michel ၊ ဥရောပကော်မရှင် အကြီးအကဲ Ursula von der Leyen နှင့် ယူကရိန်းသမ္မတတို့သည် ၂၄ ကြိမ် မြောက် အီးယူ - ယူကရိန်း ထိပ်သီး တွေ့ဆုံပွဲတွင် တွေ့ဆုံထား ကာ ယူကရိန်း လိုအပ်သည့် ကာလ တစ်လျှောက်လုံး ဥရောပ သမဂ္ဂက ကူညီမည်ဖြစ်ကြောင်း ပြောကြား ထားသည်။

အီးယူသည် ယူကရိန်းနိုင်ငံအတွင်း ဆိုးရွားစွာ ပျက်စီးနေသည့် အခြေခံ အဆောက်အအုံများ ပြန်လည် တည်ဆောက်ရေး၊ စွမ်းအင် ထောက်ပံ့ မှုနှင့် ဆောင်းရာသီ အလွန် ကာလထိ လိုအပ်သည့် ဝန်ဆောင်မှု များကိုလည်း ပံ့ပိုးမည်ဖြစ် ကြောင်း သိရသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ