နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နှင့် တောင်ကိုရီးယား နည်းပညာဆိုင်ရာ ပူးပေါင်းမှု တိုးမြှင့်ရေး ပြင်ဆင်

ဆိုးလ် ဖေဖော်ဝါရီ ၆

အမေရိကန်နှင့် တောင်ကိုရီးယား တို့သည် အာကာသမှ ဇီဝနည်း ပညာအထိ နယ်ပယ်အသီးအသီး တွင် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင် ရွက်မှုများကို တိုးမြှင့်ရန် သိပ္ပံနှင့် နည်းပညာဆိုင်ရာ သဘောတူညီ ချက်တစ်ခုကို ပြန်လည် ပြင်ဆင် ထားကြောင်း သိရသည်။ 

နှစ်နိုင်ငံ နည်းပညာပူးပေါင်းရေး သဘောတူစာချုပ်ကို ၁၉၉၂ ခုနှစ်က ပထမဆုံးအကြိမ် လက်မှတ်ရေးထိုး ခဲ့ပြီး  ၁၉၉၉ ခုနှစ်တွင် စာချုပ် ထပ်မံချုပ်ဆိုခဲ့ကြကာ ယခုမူ ပြန်လည် ပြင်ဆင်ချက်အသစ်များ နှင့် ၁၀ နှစ် အထိ သက်တမ်းတိုးကာ ပြင်ဆင် ချုပ်ဆိုထားကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပါ့ခ်ဂျင် တို့သည် ကိုရီးယားကျွန်းဆွယ် နျူကလီယား ကင်းစင်ရေးအတွက် လိုအပ်ချက်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံကြား စည်းလုံး ညီညွှတ်မှုများ ပိုမိုတိုးမြှင့်ရန် သဘော တူညီချက်များကို တိုးမြှင့် လိုက်ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကမူ တောင် ကိုရီးယား၏ ကာကွယ်ရေးအတွက် အမေရိကန်၏ ကတိကဝတ်များ ခိုင်မာကြောင်း ပြောကြားထားသည်။

 (ref: BBC)






အခြားဆက်စပ်သတင်းများ