နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်ကို အနိုင်ရပြီး မန်စီးတီးအသင်း အက်ဖ်အေဖလား ပဉ္စမအဆင့်တက်

 ဇန်နဝါရီ  ၂၈

အက်ဖ်အေဖလား စတုတ္ထ အဆင့် ပွဲစဉ်အဖြစ်  မန်စီးတီး အသင်းနှင့် အာဆင်နယ်အသင်း တို့ ယနေ့ နံနက်အစောပိုင်းက အီတီဟက်ခ်ကွင်း၌   ယှဉ်ပြိုင် ကစားကြရာ မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အက်ဖ်အေ ဖလား ပဉ္စမအဆင့်ကို တက်လှမ်း နိုင်ခဲ့သည်။

ပထမပိုင်းတွင် အာဆင်နယ် အသင်း ပိုမိုအသာစီးရရှိခဲ့ပြီး တောင်ပံကစားသမား ထရိုဆက် နှင့် တိုမီယာဆုတို့၏ ကန်သွင်း ချက်များကို ဂိုးသမား အော်တီဂါ        ပုတ်ထုတ်    ကာကွယ်နိုင်ခဲ့ ခြင်းကြောင့်   မန်စီးတီးအသင်း သက်သာရာရခဲ့သည်။

အာဆင်နယ်အသင်း    ဂိုးကန် သွင်းခွင့်များ  ဖန်တီးနိုင်ခဲ့သော် လည်း  တိုက်စစ်ပိုင်း  အဆုံး သတ် လိုအပ်ချက် ရှိနေသကဲ့သို့ မန်စီးတီးဂိုးသမား လက်စွမ်းပြ နေခြင်းကြောင့် ဂိုးသွင်းရန် ခက်ခဲ နေခဲ့သည်။

မန်စီးတီးအသင်းက ဒီဘရိုင်း ၏ ဂိုးကန်ချက် တစ်ကြိမ်ကလွဲ ၍ နောက်ထပ်အခွင့်အရေးများ ဖန်တီးနိုင်ခြင်းမရှိခဲ့ဘဲ ပထမပိုင်း တွင် ဂိုးမရှိ သရေဖြင့်သာ ပွဲပြီးဆုံး ခဲ့သည်။

ဒုတိယပိုင်းတွင် မန်စီးတီး အသင်းက အယ်လ်ဗာရက်ဇ်နှင့် ဝေါ်လ်ကာတို့ကို   ထည့်သွင်း ကာ   တိုက်စစ်မြှင့်ကစားပြီး အာဆင်နယ်အသင်းကို ဖိအား ပေးခဲ့သည်။ ပွဲကစားချိန် ၆၄ မိနစ်တွင်  အယ်ဗာရက်ဇ်၏ အဝေးကန်ချက်ဖြင့်  တိုင်ထိပြီး ပြန်ထွက်လာသည့်  ဘောလုံး ကို ဂရီးလစ်ရှ်က   ပြန်ဆယ်ပြီး အကီကို ဖန်တီးပေးကာ ယင်း က သပ်သပ်ရပ်ရပ်ဖြင့်  ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သောကြောင့် မန်စီးတီးအသင်း  ဦးဆောင်ဂိုး ရရှိခဲ့သည်။

ထို့နောက် ပွဲက  အကြိတ် အနယ်ရှိခဲ့ပြီး   အပြန်အလှန် တိုက်စစ်ဆင်မှုများဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သော်လည်း လက်ကျန် မိနစ်များတွင် နှစ်သင်းစလုံး ထပ်မံ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ  ပွဲပြီး ဆုံးခဲ့သည်။

မန်စီးတီးကို ယှဉ်ကစားနိုင် ခဲ့သည့် အာဆင်နယ်အသင်း၏ ခြေစွမ်းက ချီးကျူးစရာကောင်း ခဲ့ပြီး ကစားသမား တစ်ဦးချင်း ၏ စွမ်းဆောင်ရည်က အားရစရာ  ကောင်းခဲ့သော်လည်း  နည်းပြ အာတီတာ၏      အာဆင်နယ် အသင်းအနေဖြင့်  အက်ဖ်အေ ဖလားပြိုင်ပွဲ စတုတ္ထအဆင့်ဖြင့် သာ ကျေနပ်ခဲ့ရသည်။           

သူရိန်






အခြားဆက်စပ်သတင်းများ