နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေး၊ ငါးရိက္ခာစားသုံးပေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်  ဇွန် ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလ၌ ငါး စားသုံးခြင်းသည် ကျန်းမာရေးအတွက်အထောက်အကူပြုခြင်းနှင့် ကိုယ်ခံအားကောင်းမွန်စေရေးအတွက် အထောက်အကူဖြစ်စေကြောင်း ပြည်သူများ သိရှိစေရေး လှုံ့ဆော်ဆောင်ရွက်သည့်အနေဖြင့် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူး ဦးတင်ဝင်းနှင့် ၀န်ထမ်းများက ဇွန် ၁၇ရက် နံနက် ၁၀ နာရီတွင် သုံးခွမြို့မဈေးရှေ့နှင့်မြန်မာ့စီးပွား‌ရေးဘဏ်ရှေ့တို့တွင် COVID-19 ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူကြပြီး ဈေးအတွင်းရှိ ဈေးရောင်းချသူများ၊ ဈေးလာရောက်ဝယ်သူများ၊ ပြည်သူများအား ငါးစားသုံးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြစဉ်။ 


ကိုကျော်(သုံးခွ)






အခြားဆက်စပ်သတင်းများ