နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်​ချုပ်​​အောင်​ဆန်း​နေအိမ်​ပြတိုက်​(ရန်​ကုန်​) ပြင်​ဆင်​ထိန်းသိမ်း​ဆောင်​ရွက်​မှုများ ယခုလကုန်​အပြီး​ဆောင်​ရွက်​သွားမည်

ရန်ကုန် ဇွန် ၁၇


ရန်​ကုန်​တိုင်း​ဒေသကြီး၊ ဗဟန်းမြို့နယ်​၊ ဗိုလ်​ချုပ်​ပြတိုက်​လမ်း၊ ဗိုလ်​ချို(၁)ရပ်​ကွက်​ရှိ သက်​တမ်း(၉၉)နှစ်​ကြာခဲ့ပြီဖြစ်သော ဗိုလ်​ချုပ်​​အောင်​ဆန်း​နေအိမ်​ပြတိုက်​(ရန်​ကုန်​)၏ ပြင်​ဆင်​ထိန်းသိမ်းမှုများကို ဆောင်​ရွက်​လျက်​ရှိရာ ယခုဇွန်​လကုန်​ပိုင်းအပြီး​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်း ရှေးဟောင်းသု​တေသနနှင့် အမျိုးသားပြတိုက်​ဦးစီးဌာန၊ အမျိုးသားပြတိုက်​(ရန်​ကုန်​)၊ ဗိုလ်​ချုပ်​​အောင်​ဆန်းပြတိုက် (ရန်ကုန်)မှ သိရသည်။


         လက်​ရှိတွင်​ဗိုလ်​ချုပ်​​အောင်​ဆန်း​နေအိမ်​ပြတိုက်​၏ အ​ဆောက်​အအုံအတွင်း/အပြင်​ပိုင်းတွင်​ လိုအပ်​​သော​နေရာများအား​ဆေးသုတ်​ခြင်း၊ အ​ဆောက်​အအုံအမိုးများပြင်​ဆင်ခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး အစီအမံများ ဆောင်ရွက်ခြင်း၊ အိမ်​အ​ပေါ်/​အောက်​နှင့်ခြံဝင်းအတွင်းပန်းခြံမြက်ခင်းပြင်​တို့အား ပြင်​ဆင်​​ဆောင်​ရွက်​လျက်​ရှိ​ကြောင်းသိရသည်​။ လက်​ရှိတွင်​ကိုဗစ်​ကာလဖြစ်​​ပေါ်​နေ၍  ဗိုလ်​ချုပ်​​အောင်​ဆန်း​နေအိမ်​ပြတိုက်​ကို မတ်​လ ၂၅ ရက်​ ဧည့်ဝင်​ခွင့် ပိတ်​ထားပြီး ပြင်​ဆင်​ထိန်းသိမ်းမှုများ​ကို ရန်​ကုန်​မြို့ပြ အ​မွေနှစ်​ထိန်းသိမ်း​ရေးအဖွဲ့(YHT) / မြန်​မာနိုင်​ငံအင်​ဂျင်​နီယာ​ကောင်စီနှင်​ဌာနဆိုင်​ရာတာဝန်​ရှိသူများ ပူး​ပေါင်းစီစဉ်​မှုဖြင့် ရှေးမူမပျက်​ပြင်​ဆင်​ထိန်းသိမ်းနိုင်ရန် MIEG ​မှ ဧပြီလဆန်းပိုင်းတွင် စတင်ဆောင်ရွက်​​ခြင်း  ဖြစ်ကြောင်း  သိရသည်​။


 ယခုပြင်​ဆင်​ထိန်းသိမ်း​နေ​သော ဗိုလ်​ချုပ်​​အောင်​ဆန်း​နေအိမ် ပြတိုက်ကြီးသည် ၁၉၂၁ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ပြီး နှစ်​စဉ်​ပြင်​ဆင်​ထိန်းသိမ်းမှုများ‌ေ​ကြာင့် ယ​နေ့အချိန်​ထိနှစ်​​ပေါင်း ၉၉ နှစ်​ တိုင်​အောင်​တည်​တံ့ခိုင်​မြဲလာခဲ့ပြီဖြစ်​သည်​။ ထိုပြတိုက်​ပြန်လည်​ဖွင့်လှစ်​မည်​ဆိုလျှင်​ ဗိုလ်​ချုပ်​​အောင်​ဆန်​းစီး​သော ကားနှင်​့ကားရုံပြကွက်​၊ ခြံဝင်​းအတွင်​း ​အောင်​ဆန်​းလင်​း ​ရေနစ်​​သေဆုံးခဲ့​သော​ ရေကန်​ငယ်​​နေရာ ပြကွက်၊  အိမ်​​နောက်​​ဖေးခြံဝင်​းအတွင်​း ဗိုလ်​ချုပ်​​အောင်ဆန်းပေါက်တူးကိုင်ကာ သီးပင်​စားပင်​များစိုက်​ပျိုး​နေသည်​့ ပြကွက်​၊ အိမ်​အတွင်​းပိုင်​း​အောက်​ထပ်​တွင်​ ဗိုလ်​ချုပ်​​အောင်​ဆန်​း၏ဆ​ီလီကွန်​ရုပ်​တုပြကွက်​၊ ပဲပြုတ်​ နံပြားနှင့်   အမှတ်​တရ မိသားစု ထမင်​းဝိုင်​း၊ ဧည်​့ခန်​း၊ အပေါ်ထပ်​တွင်​ စာကြည်​့ခန်​း၊ မိသားစုအိပ်​ခန်​း၊ က​လေးများ အိပ်​ခန်​း၊ ဘုရားခန်​း၊ အထူးအစည်​းအ​ဝေးခန်​းနှင့်​့ အခြားဗိုလ်​ချုပ်​​အောင်​ဆန်​း၏အမှတ်​တရ​​အောက်​​မေ့ဖွယ်​ ပြခန်းများ/လွတ်​လပ်​​ရေးကြိုးပမ်​းမှုသမိုင်​းတစ်​​လျှောက်​ဓာတ်​ပုံမှတ်​တမ်​းများနှင်​့ အသုံးအ​ဆောင်​ပစ္စည်​း​ပြကွက်​များကို လေ့လာခွင့် ရမည်ဖြစ်သည်။                                                                                 


မင်းခ






အခြားဆက်စပ်သတင်းများ