နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျိုင်းတုံမြို့နယ်တွင် နိုင်ငံတော်မဟာဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိတော့မည်

ကျိုင်းတုံ ဇွန် ၁၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိတော့မည်ဖြစ်၍ ပြည်သူများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ လုပ်ငန်းများရှင်းလင်းခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ရှင်းလင်းခြင်းကို ဇွန် ၁၆ နံနက် ၉ နာရီက မြို့တော်ခန်းမ၌ 

ပြုလုပ်ခဲ့သည်။ 


ရှင်းလင်းပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသက်ပိုင်မျိုးက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း၊ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာများနှင့် လျှပ်စစ်အန္တရယ်ကင်းရှင်းရေးအသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။


ရှင်းလင်းပွဲသို့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးရဲနိုင်၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ဒေသခံပြည်သူများ တက်ရောက်ပြီး မီတာလျှောက်ထားခြင်း၊ ဓာတ်အားခနှုန်းထားများနှင့် သိလိုသည်များမေးမြန်ရာ တာဝန်ရှိ သူများက ရှင်းလင်း ဖြေကြားခဲ့ကြောင်းသိရသည်။


ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်ရောက်ရှိပြီဖြစ်၍ မိုင်းပျဉ်းမြို့နယ်တွင် ဇွန်လ ၇ ရက်က လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့ပြီး မကြာမီရက်ပိုင်းအတွင်း ကျိုင်းတုံမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


အောင်ဇင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ