နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးအသင်း တောင်ပံကစားသမား ကိုင်ဟာဗက်ကို ရောင်းချရန် ပြင်ဆင်

ဇန်နဝါရီ  ၂၇

ချဲလ်ဆီးအသင်းသည် တောင်ပံတိုက်စစ်ကစားသမား ကိုင်ဟာဗက်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၅၃ သန်းဖြင့် ပြန်လည်ရောင်းချရန် ပြင်ဆင်နေ ကြောင်း သိရသည်။

ချဲလ်ဆီးအသင်းသည် ပိုင်ရှင် သစ် တော့ဘိုလီလက်ထက်တွင် လက်ရှိ အပြောင်းအရွှေ့ကာလ ကစားသမား ဝယ်ယူမှုအပါအဝင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၃၄ သန်းထိ သုံးစွဲထားသော ကြောင့်  ကစားသမားဝယ်ယူ ရောင်းချမှုတွင် ဝင်ငွေ၊ ထွက်ငွေ မျှတစေရန်အတွက် ကိုင်ဟာဗက် ကို ရောင်းချရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ကိုင်ဟာဗက်သည်   ချဲလ်ဆီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၁၉ ပွဲ ပါဝင်ကစားခဲ့ရာတွင် သွင်းဂိုး ၂၉ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ချဲလ်ဆီးအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် ကိုင်ဟာ ဗက်ကို ဘွန်ဒက်စ်လီဂါ ကလပ်  ဘိုင်ယန်မြူးနစ် အသင်းက ခေါ်ယူ ရန် စိတ်ဝင်စားနေကြောင်း သိရ သည်။                                  သူရိန်






အခြားဆက်စပ်သတင်းများ