နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဲဗာတန်အသင်းကို စတာလင်ပေါင် သန်း ၅၀၀ ဖြင့် ရောင်းချမည်

ဇန်နဝါရီ  ၂၇

အဲဗာတန်အသင်းပိုင်ရှင် မိုရှီရီက အသင်းကိုရောင်းချရန် အရောင်းစာရင်း တင်သွင်းပြီး စတာလင်ပေါင် သန်း ၅၀၀ ရရှိပါက ရောင်းချသွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

မိုရှီရီသည် အဲဗာတန်အသင်း ကို ၂၀၁၆ ခုနှစ်က ပိုင်ဆိုင်လာခဲ့ ခြင်းဖြစ်ပြီး အသင်းကို ခုနစ် နှစ်ကြာ ပိုင်ဆိုင်ခဲ့ပြီးနောက်  ပြန်လည် ရောင်းချရန်   ဆုံးဖြတ်ခဲ့ကာ အရောင်းစာရင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသည် အဲဗာတန်အသင်း ကို ပိုင်ဆိုင်ခဲ့သည့်  ခုနစ်နှစ်တာ  ကာလအတွင်း  ကစားသမား ခေါ်ယူ မှုများတွင်    ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၇၀၀ ကျော် အသုံးပြုခဲ့သကဲ့သို့ စတာလင် ပေါင်သန်း ၅၅၀ ကျော်အကုန် အကျခံပြီး အားကစားကွင်းသစ် ကို တည်ဆောက်ခဲ့သူ ဖြစ်သည်။

အဲဗာတန်  အသင်းသည် ကိုဗစ် -၁၉ ကာလအတွင်းအသင်း ဝင်ငွေများစွာ လျော့နည်းခဲ့သည့် အပြင် ကစားသမား ခေါ်ယူမှု တွင် ငွေကြေးများစွာ အသုံးပြုခဲ့ သော်လည်း အောင်မြင်မှုမရရှိ ခဲ့သည့်အတွက် အသင်းဝင်ငွေ၊ ထွက်ငွေ မမျှတသည့်အခြေအနေ များကြောင့် အသင်းပိုင်ရှင် မိုရှီရီ က ပြန်လည်ရောင်းချရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။                 သူရိန်






အခြားဆက်စပ်သတင်းများ