နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(တောင်ပိုင်း) နတ်စင်မီးပွိုင့်တွင် ယာဉ်မီးလောင်

ရန်ကုန်   ဇန်နဝါရီ    ၂၆

ဒဂုံမြို့သစ်(တောင်ပိုင်း )မြို့နယ်၊ အမှတ်-၁၇ ရပ်ကွက်၊ အမှတ်-၂ လမ်းနှင့်မောင်းမကန်ကမ်းသာလမ်းထောင့်၊ နတ်စင်မီးပွိုင့်တွင် ယနေ့နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်က ပိုင်ရှင် စိစစ်ဆဲ၏ SUZUKI BGO 7N/xxxx အဖြူရောင်ယာဉ်မီးလောင်မှုဖြစ်ပွားသည်။

မီးလောင်မှုဖြစ်ပွားရာသို့မြို့နယ် မီးသတ်ဦးစီးမှူးဦးစီးတပ်ဖွဲ့ဝင် ၂၀ ဦး၊ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ၁၉၁ ရှာဖွေ ကယ်ဆယ်ရေးယာဉ် တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ရာ နေ့လယ် ၁၂ နာရီ ၂ မိနစ်ခန့်တွင် မီးငြိမ်းသည်။

မီးလောင်မှုမှာ ယာဉ်နောက်ဘီးက ဘရိတ်ရှူးငြိပြီး အပူ လွန်ကဲရာမှ ဆီတိုင်ကီနှင့်ကားနောက်တွင်တင်ဆောင်လာသော ဆီပေပါအခွံများ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်သည်။

မီးလောင်ကျွမ်းမှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးကျပ် နှစ်သိန်းခန့်ဆုံးရှုံးကြောင်းနှင့် ယာဉ်မီးလောင်မှုဖြစ်စေခဲ့သည့်ယာဉ်ပိုင်ရှင်အား ဥပေဒနှင့်အညီ အရေးယူနိုင်ရေး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့မရဲစခန်းမှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။           ယဉ်မွန်






အခြားဆက်စပ်သတင်းများ